ကလေးမြို့တွင် ချင်းလူငယ် Pa Do Sian Mang ကို စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် ရိုက်နှက်သတ်ဖြတ်၊ နှလုံးရောဂါကြောင့် သေဆုံးဟု ဆေးစာရေးပြီး အလောင်းကို နေအိမ်ပြန်ပို့
ရန်ကုန်၊ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian Mang ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောရေးတွင် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်လိုက်ကြောင်း သေဆုံးသူ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
သေဆုံးသူ Pa Do Sian Mang သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Heilei ကျေးရွာဇာတိဖြစ်ပြီး လက်ရှိတွင် ကလေးမြို့၌ နေထိုင်ကာ အငှားယာဉ်မောင်းလုပ်ကိုင်နေသူဖြစ်သည်။
ဩဂုတ်လ ၂၅ ရက်နေ့ ချင်းလူငယ် Pa Do Sian Mang ကို ကလေးမြို့၊ ချောင်းဆုံတွင် စစ်တပ်က မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ၊ ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်ကြောရေး၌ ပြင်းထန်စွာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့ခြင်းကြောင့် Pa Do Sian Mang သေဆုံးသွားကြောင်း သိရှိရသည်။
သို့သော် စစ်တပ်က ချင်းလူငယ် Pa Do Sian Mang စစ်ကြောရေးအတွင်း ရိုက်နှက်နှိပ် စက်ခံရခြင်းကြောင့် သေဆုံးခဲ့သည်ဆိုသည့်အချက်ကို ဖုံးကွယ်ရန် နှလုံးရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မှုခင်းဆေးစာရေးသား၍ ရုပ်အလောင်းကို မိသားစုနေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို မိသားစုထံ ပြန်လည်ပို့ဆောင်ရာတွင် နှလုံးရောဂါကြောင့် သေဆုံးသည်ဟု ဖော်ပြထားသော်လည်း ဖမ်းဆီးခံရပြီး ရက်ပိုင်းအတွင်း သေဆုံးခဲ့ခြင်းနှင့် စစ်ကြောရေးအတွင်း ရိုက်နှက်ညှဉ်းပန်းခံရသည့်ဒဏ်ရာဒဏ်ချက်များရှိနေကြောင်း သိရှိရသည်။
စစ်တပ်၏ စစ်ကြောရေးတွင် သေဆုံးခဲ့ရသည့် ချင်းလူငယ် Pa Do Sian Mang ၏ ရုပ်အလောင်းကို ယနေ့ သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။
Telegram Link
https://t.me/MCPFighter
Mandalay Police CDM Fighter













