တရုတ်က လစ်သီယမ်ကို အလွန်အကျွံထုတ်လုပ်ပံ့ပိုးနေဟု ကန်အာဏာပိုင်များပြော
ကမ္ဘာ့ဈေးကွက်အတွင်းရှိ ပြိုင်ဘက်များ၏ လုပ်ငန်းစဉ်များ အဆုံးသတ်သွားစေနိုင်သည့် ဈေးကျမှုများဖြစ်ပေါ်အောင် တရုတ်လစ်သီယံထုတ် ကုမ္ပဏီများက သတ္ထုဈေးကွက်အတွင်း လစ်သီယမ်များကို အလွန်အကျွံထုတ်လုပ်ကာ oversupplying လုပ်နေသည်ဟု အမေရိကန်အစိုးရ အကြီးတန်းအရာရှိတဦးက ပေါ်တူဂီနိုင်ငံသို့ရောက်ရှိစဉ် ပြောကြားခဲ့သည်။
ကန်အစိုးရမှ အရာရှိတဦးဖြစ်သူ ဟိုဆေးဖာနန်ဒက်စ် (Jose Fernandez) က တရုတ်နိုင်ငံသည် လက်ရှိကမ္ဘာကလိုအပ်နေသော လစ်သီယမ်ပမာဏထက် ပိုမိုများပြားသော ပမာဏကို ထုတ်လုပ်နေသည်ဟု တနင်္လာနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်ကားများ၏ ဘက်ထရီများအတွက် အဓိကအရေးပါသော လစ်သီယမ်သတ္ထုကို တရုတ် ၁ နိုင်ငံတည်းက ကမ္ဘာ့စုစုပေါင်းထုတ်လုပ်ရေး၏ ၃ ပုံ ၂ ပုံ အထိ ထုတ်လုပ်ထားနိုင်ပြီး ယနေ့ လစ်သီယမ်ဈေးမှ ယမန်နှစ်ကထက် ၈၀% ကျော် ကျဆင်းခဲ့သည်ဟု သိရသည်။
လစ်သီယမ်ဈေးကျဆင်းမှုသည် တရုတ်နိုင်ငံရှိ ကုမ္ပဏီများအပေါ်တွင်လည်း သက်ရောက်မှုရှိပြီး ဘက်ထရီထုတ်လုပ်ရေးလုပ်ငန်းကြီးများသည် အချို့သော လစ်သီယမ်သတ္ထုတူးဖေါ်ရေးလုပ်ငန်းများကို ဆိုင်းငံ့ထားရသည်။
လစ်သီယမ်ဈေးကျဆင်းမှုကြောင့် ထုတ်လုပ်ရေးပိုင်းတွင် ကမ္ဘာတဝှမ်းရှိ သတ္ထုတွင်း၊ စက်ရုံများ၌ ဝန်ထမ်းလျှော့ချမှုများဖြစ်ပေါ်နေသည်။
ဥရောပသည် တရုတ်နိုင်ငံထံမှ လစ်သီယမ်အပေါ်မှီခိုနေရမှုကို လျှော့ချလိုနေပြီး လက်ရှိတွင် ပေါ်တူဂီနိုင်ငံ၌ ရှာဖွေ့တွေ့ရှိထားသော လစ်သီယမ်သတ္ထုသိုက် တန်ချိန် ၆,၀၀၀ ခန့် ရှိသည်ဟု သိရပြီး ပေါ်တူဂီသည် ဥရောပ၏ အကြီးဆုံး လစ်သီယမ်ထုတ်လုပ်သူ ဖြစ်နေသည်။
ပြီးခဲ့သည့် သောကြာနေ့က ဥရောပသမဂ္ဂသည် တရုတ်ထုတ်လျှပ်စစ်ကားများအပေါ် ကြီးမားသည့် အခွန်အခများ ကောက်ခံရနိုင်သည်ဟု ပြောကြားခဲ့အပြီး ဥရောပနှင့် တရုတ်အကြား ကုန်သွယ်ရေးပဋိပက္ခ အရှိန် မြင့်တက်လာခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business
Image: Energy Capital & Power
3
1October 8, 2024 487