တရုတ်အွန်လိုင်း စျေးဝယ်ပလက်ဖောင်း Temu ကို ဘန်းထားသည့် အင်ဒိုနီးရှား
နိုင်ငံ၏ အသေးစား၊ အလတ်စားစီးပွါးရေးလုပ်ငန်းများကို ထိခိုက်စေသဖြင့် Temu ကို အင်ဒိုနီးရှားတွင် လုပ်ကိုင်ခွင့်ပေးမည်မဟုတ်ကြောင်း အင်ဒိုအစိုးရက ကြေငြာခဲ့သည်။
တရုတ်စျေးဝယ်ပလက်ဖောင်းဖြစ်သော Temu သည် စက်ရုံမှပစ္စည်းများကို စားသုံးသူထံ တိုက်ရိုက်ရောင်းချနိုင်သည်ဖြစ်ရာ စက်ရုံထုတ်ပစ္စည်းများကို ကြားခံ ကုန်စည်ဖြန့်ဖြူးဒိုင်များမှ ရောင်းချရမည်ဆိုသည့် အင်ဒို စီးပွါးရေး ပေါ်လစီနှင့် ဆန့်ကျင်နေခြင်းဖြစ်သည်။
အကယ်၍ Temu ကိုဝင်ခွင့်ပြုလိုက်ပါက နိုင်ငံ၏ အသေးစား၊ အလတ်စား စီးပွါးရေးလုပ်ငန်းများ များစွာအထိနာဖွယ်ရှိသဖြင့် ဝင်ခွင့်မပြုနိုင်ကြောင်း အင်ဒိုပြည်တွင်းကုန်သွယ်မှုဌာန ညွှန်ကြားရေးမှူးကဆိုသည်။
Temu အနေဖြင့် လက်ရှိတွင် နိုင်ငံပေါင်း ၆၀၌လည်ပတ်နေပြီး အရှေ့တောင်အာရှသို့ ယမန်နှစ်က စတင်အခြေချလာခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ဖိလစ်ပိုင်သို့ စတင်ဝင်ရောက်ခဲ့ပြီး စက်တာဘာတွင် မလေးရှားသို့ စတင်မိတ်ဆက်ခဲ့ကာ ထိုင်းကိုမူ ယခုနှစ် ဇူလိုင်တွင် အခြေချခဲ့ခြင်းဖြစ်သည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNA
Photo: BusinessToday
#ASEAN #SouthEastAsia #China #Temu #Ecommmerce #Indonesia
1October 3, 2024 327