ဆမ်ဆောင်းက ဗီယက်နမ်စက်ရုံအတွက် ဒေါ်လာ ၁.၈ ဘီလျံ… — Orio Economics — TG.ME

ဆမ်ဆောင်းက ဗီယက်နမ်စက်ရုံအတွက် ဒေါ်လာ ၁.၈ ဘီလျံ ထပ်မံရင်းနှီးမြှုပ်နှံမည်

တောင်ကိုးရီးယားနည်းပညာကုမ္ပဏီ ဆမ်ဆောင်းသည် ဗီယက်နမ်မြောက်ပိုင်းရှိ စက်ရုံအတွက် ကန်ဒေါ်လာ ၁.၈ ဘီလျံ ထပ်မံရင်းနှီးမြုပ်နှံရန် စီစဉ်နေသည်။
အဆိုပါစက်ရုံသည် စီးဝင်လာမည့် ရင်းနှီးငွေအသစ်ကြောင့် မော်တော်ကားများအတွက် OLED စခရင် displays များကို ထုတ်လုပ်သွားနိုင်မည်ဟု သိရသည်။

ဗီယက်နမ်ရှိ Samsaung Group ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Choi Joo Ho နှင့် ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင့် (Pham Minh Chinh) တို့ တွေ့ဆုံးအပြီး အဆိုပါ အတည်ပြုချက်ကို ဗီယက်နမ်အစိုးရက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ဗီယက်နမ်၌ ဆမ်ဆောင်း၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၆.၅ ဘီလျံ တန်ဖိုးအထိရှိပြီး investment အသစ်ကြောင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၈.၃ ဘီလျံအထိ ရှိလာမည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Vietnam Briefing, Investment Monitor
Image: The Saigon Times
👍4
September 23, 2024 232