ဗီယက်နမ်ရှိ လက်ခွဲကုမ္ပဏီတခုကို လုပ်ငန်းများ ယာယီရပ်ဆိုင်းလိုက်သည့် Ninja Van
ဝန်ထမ်းများ၏ လစာများနှင့် လူမှုဖူလှုံရေး ခံစားခွင့်များ ပေးချေခြင်းမရှိဘဲ ကြန့်ကြာနေသည့်အတွက် ၎င်းကိစ္စများကို ဖြေရှင်းရန် ဗီယက်နမ်ရှိ ၎င်းတို့၏ လက်ခွဲပါတနာကုမ္ပဏီကို လုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် ညွှန်ကြားထားကြောင်း ကုန်စည်ဝန်ဆောင်မှုကုမ္ပဏီ Ninja Van ကဆိုသည်။
Ninja Van လက်အောက်ရှိ အဆိုပါ ဗီယက်နမ်ကုမ္ပဏီ၏ အမည်မှာ ECRM Nobita ဖြစ်ပြီး ဟိုချီမင်း၊ ဟနွိုင်းနှင့် ဗင့်မြို့တို့တွင် ရုံးခွဲများဖြင့် ဖွင့်လှစ်လည်ပတ်နေသည့် ဆော့ဖ်ဝဲဝန်ဆောင်မှု လုပ်ငန်းဖြစ်သည်။
အဆိုပါ ကုမ္ပဏီ၏ ဝန်ထမ်းများသည် အချို့မှာဇူလိုင်၊ အချို့မှာ ဩဂုတ်လများ ကတည်းက လစာများ မရရှိကြခြင်းဖြစ်ပြီး အထူးသဖြင့် ရာဂီမုန်တိုင်းဒဏ်ခံခဲ့ရသည့် ဟနွိုင်းရုံးခွဲမှ ဝန်ထမ်းများမှာ ပိုမိုရုန်းကန်နေခဲ့ရသည်။
အချို့ဝန်ထမ်းများမှာ ချေးငှါး၍ နေစား စားရိတ်များ ဖြေရှင်းနေရပြီး ဘဏ်မှ အရစ်ကျချေးငွေယူထားသည့်သူများမှာ ကား၊ ဆိုင်ကယ်များရောင်းချ၍ အကြွေးများ ပြန်ဆပ်နေရကြောင်း သတင်းဌာနသို့ပြောပြသည်။
စင်္ကာပူအခြေစိုက် Ninja Van ရုံးရှိ ကုမ္ပဏီ၍ ပူးတွဲတည်ထောင်သူ တန်ဘိုရှန်က ဗီယက်နမ်ဝန်ထမ်းများ၏ တိုင်ကြားမှုကို ရရှိသည်နှင့် ချက်ခြင်း အရေးယူတုံ့ပြန်ခဲ့ကြောင်း၊ လက်ရှိတွင် ECRM Nobita ၏ စီမံမှုများကို ပြန်လည်သုံးသပ်နေပြီး လစာကိစ္စများကို တပတ်အတွင်း ဖြေရှင်းပေးနိုင်ရန် ကြိုးပမ်းနေသည်ဟု မီဒီယာသို့ ဖြေကြားခဲ့သည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Straits Times
Photo: CafeF
#NinjaVan #Logistics #Vietnam #Salary #Delivery #OrioEcon
2September 22, 2024 250