ဥရောပ ကားဈေးကွက်တွင် EV များ ၂၄% အထိ ရှိလာနိုင် ဥရောပသမဂ္ဂနိုင်ငံများတွင် ဘက်ထရီစွမ်းအင်သုံး လျှပ်စစ်ကားများသည် ၂၀၂၅ တွင် ဈေးကွက်ထဲ၌ ၂၀% မှ ၂၄% အထိ ရှိလာနိုင်သည်ဟု Transport & Environment (T&E) က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။ လမ်းမပေါ်သွားလာနေသော ကားများ၏ ၅ ပုံ ၁ ပုံ သို့မဟုတ် ၄ ပုံ ၁ ပုံ နီးပါး EV လျှပ်စစ်ကားများ ဖြစ်လာနိုင်ခြင်းမှာ သက်သာသော အရောင်းဈေးများကြောင့်ဟု ဆိုသည်။ လျှပ်စစ်ကားများသည် ဥရောပဈေးကွက် အတွင်း အသုံးပြုမှုမှာ ပြီးခဲ့သည့် လများအတွင်း ရာနှုန်း ၁၄% အထိ ကျဆင်းမှုများ ရှိခဲ့သလို ဥရောပ ကားလုပ်ငန်းများကို ကာကွယ်သည့် အနေဖြင့် တရုတ်လုပ် လျှပ်စစ်ကားများအပေါ် အခွန် အလွန်အမင်း ကောက်ခံမှုများလည်း ချမှတ်ခဲ့သည်။ လက်ရှိတွင် ဥရောပ၏ အကြီးဆုံးလျှပ်စစ်ကားဈေးကွက်မှာ ဂျာမဏီနိုင်ငံဖြစ်ပြီး Green Energy အတွက် အများဆုံးတွန်းအားပေးနေသော နိုင်ငံလည်း ဖြစ်သည်။ ပတ်ဝန်းကျင်စိမ်းလန်းရေးဆိုင်ရာ တက်ကြွလှုပ်ရှားမှု အဖွဲ့ဖြစ်သော T & E က တရုတ်လျှပ်စစ်ကားများအပေါ် ပိတ်ဆို့တားမြစ်နေခြင်းသည် EV ကားများ အသုံးပြုမှု၊ အပြိုင်အဆိုင်ဖြစ်မှု စသည်တို့ကို အတားအဆီးဖြစ်စေသည်ဟူသော မှတ်ချက်များကို ထုတ်ပြန်ထားသလို ဥရောပရှိနိုင်ငံများအနေဖြင့် မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲများပြုလုပ်ပြီး လျှပ်စစ်ကားအရေအတွက် များပြားလာအောင် ဆောင်ရွက်သင့်သည်ဆိုသော သဘောထားများကို ထုတ်ပြန်ထားသည်။ ဥရောပသမဂ္ဂသည် ၂၀၃၀ အမီ ကားများမှ ကာဗွန်ထုတ်လုပ်ခြင်းကို ၆၀% အထိ သတ်မှတ်ရန် ကြိုးပမ်းလျက်ရှိသည်။ ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ Source: Transport & Envrionment, Reuters Business, Euro Cities / EU Image: Europe Auto News
ဥရောပ ကားဈေးကွက်တွင် EV များ ၂၄% အထိ ရှိလာနိုင်… — Orio Economics — TG.ME
September 17, 2024 240