ဘရာဇီးတွင် ကားထုတ်လုပ်ရေး မြင့်တက်သော်လည်း အရောင်းပိုင်းကျ
ဘရာဇီးနိုင်ငံ၌ ဩဂုတ်လထဲတွင် ကားထုတ်လုပ်ရေးသည် ဇူလိုင်လကထက် ၅.၂% တိုးတက်ခဲ့ပြီး အစီးရေ ၂၅၉,၆၁၃ စီး ထုတ်လုပ်နိုင်ခဲ့သည်ဟု ကားထုတ်လုပ်ရေးအသင်း Anfavea က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း လက်တင်အမေရိက၏ အကြီးဆုံးစီးပွားရေးနိုင်ငံ ဘရာဇီးသည် ကားရောင်းချရမှုတွင် ၁.၆% လျော့ကျခဲ့ပြီး အစီးရေ ၂၃၇,၃၈၂ စီး ရောင်းနိုင်ခဲ့သည်။
နိုင်ငံအတွင်း ထုတ်လုပ်ရေးနှင့် အရောင်းပိုင်း ကမောက်ကမဖြစ်မှုမှာ ပြီးခဲ့သည့် ၂၀၂၃ တွင်လည်း ဖြစ်ခဲ့ပြီး ယမန်နှစ်က ကားထုတ်လုပ်မှု ၁.၉% ကျဆင်းခဲ့ပြီး အရောင်းပိုင်း၌မူ ၉.၇% အထိ တိုးတက်ခဲ့သည်။
ယခုနှစ်ထဲတွင် ဘရာဇီး၌ လျှပ်စစ်ကားရောင်းချရမှု တိုးတက်နေပြီး ဧပြီလအတွင်းက EV က ရောင်းချမှု ၁,၁၀၀% အထိ မြင့်တက်ခဲ့သည်ဟု သိရသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, The Brazilian Report, Clean Technica
Image: Porsche ride: Brazil/ Porsche Newsroom
September 6, 2024 307