မြန်မာနိုင်ငံအလယ်ပိုင်းတွင် Cyber City တည်ဆောက်ရန် စီစဉ်နေ၊ ရုရှားနှင့် အာဆီယံနိုင်ငံများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
==========================
မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပထမဆုံးသော Cyber City တစ်ခု တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ရုရှားနှင့် အာဆီယံနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဒစ်ဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိင်က ဖိတ်ခေါ်လိုက်သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို၌ စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲသို တက်ရောက်စဉ် ဒုတိယဝန်ကြီးက ထိုသို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

1