လူငယ်များအနေဖြင့် ကမ္ဘာ့အခြေအနေအရပ်ရပ်ကို မျက်ခြည်မပြတ်သိရှိပြီး သိပ္ပံနှင့် နည်းပညာ အခြေပြုစွန့်ဦးတီထွင်မှုများ ပိုမိုဆောင်ရွက်ကြစေလိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား
===================================
ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ဒီဂျစ်တယ်စီးပွားရေးနှင့် AI အခြေပြုဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အားကောင်းလာသည်ကိုတွေ့ရကြောင်း၊ လူငယ်များအနေဖြင့် ကမ္ဘာ့အခြေအနေအရပ်ရပ်ကို မျက်ခြည်မပြတ်သိရှိပြီး သိပ္ပံနှင့် နည်းပညာ အခြေပြုစွန့်ဦးတီထွင်မှုများ ပိုမိုဆောင်ရွက်ကြစေလိုကြောင်း၊ ခေတ်မီပညာရပ်များကို လက်လှမ်းမီရှာဖွေနိုင်ရန် လူမှုကွန်ရက်နှင့် အင်တာနက်များကို မှန်မှန်ကန်ကန်၊ အကျိုးရှိရှိ အသုံးချရန်လိုအပ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဩဂုတ်လ ၃၁ ရက်တွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။






