စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ချထားပေးသည့် မြေနေရာများအား အခြားနည်းများဖြင့် သုံးစွဲမှုများမရှိအောင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လမ်းညွှန်မှာကြား
=====================================
ပြည်သူများသက်သာသောဈေးနှုန်းများဖြင့် အသား၊ ငါးနှင့် ဥများလုံလောက်စွာ ဝယ်ယူစားသုံးနိုင်ရေး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက စီမံတွက်ချက်လျာထားဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ချထားပေးသည့် မြေနေရာများအား အခြားနည်းများဖြင့် သုံးစွဲမှုများမရှိအောင် စနစ်တကျကြပ်မတ် ဆောင်ရွက်နေရန်လိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဩဂုတ်လ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့တာဖြစ်ပါတယ်။
3





