မြန်မာနိုင်ငံအစိုးရက နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသမှ သဘာဝဘေးဒဏ်သင့်သူများအတွက် အမေရိကန်ဒေါ်လာ(၅)သိန်းနှင့် ပဲ(၈)တန်လှူဒါန်း
===========================
သဘာဝဘေးဒဏ်ခံစားနေရသည့် နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသတွင် နေထိုင်သူများအတွက် မြန်မာနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ(၅)သိန်းနှင့် ပဲ(၈)တန်ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြန်မာအစိုးရ(ကိုယ်စား)လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် တာဝန်ရှိသူများက စက်တင်ဘာ ၂ ရက်တွင် တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြိုမှ နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြိုရှိ Tribhuvan International Airport (KTM)သို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
နီပေါနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန ဝန်ကြီးမှ မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးပေးမှုအတွက် အထူးကျေးဇူးတင်ပြီး ယင်းကူညီထောက်ပံ့မှုများကို သဘာဝဘေးသင့်သူများအတွက် ထိရောက်စွာအသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။

5