မြစ်ဆုံ ဆည်က ပေးရတဲ့ Risk လည်း ကြီးတယ်။ ခုလို သဘာဝဘေးတွေ ဖြစ်နေချိန်ဆိုရင် အစစအရာရာ ပို သတိရထားရတာမျိုး လည်း ရှိကောင်း ရှိမယ်။ ဒါပေမယ့် မြစ်ဆုံဆည် တစ်ခုတည်းတော့ မဟုတ်ဘူး။ အထက်မှာ အသေးစား ဆည် ၆ ခု လောက် ရှိနေသေးတယ်။
အသေးစား ဆည် ၆ ခု ရဲ့ ပမာဏကလည်း အနိမ့်ဆုံး ၅၀၀၀ မဂ္ဂါဝပ်လောက်တော့ ရနိုင်လောက်တယ်။ မြစ်ဆုံရော ပါမယ်ဆိုရင်တော့ မဂ္ဂါဝပ် ၁ သောင်းကျော်သွားမယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ လျှပ်စစ်သုံးအားက ၄၀၀၀ လောက် ပျှမ်းမျှ ရှိနိုင်တယ်။ နှစ်စဉ် ၁၅ မဂ္ဂါဝပ်လောက် ကလည်း ပျှမ်းမျှ တိုးပြီး သုံးစွဲလာတဲ့ အခြေအနေရှိတယ်။
ရေအားလျှပ်စစ်ကိုပဲ အဓိက အားထားတော့ နွေရာသီ ၄ လ နဲ့ ရေနည်းချိန်ဆိုရင် လျှပ်စစ်ရဖို့က ရုန်းကန်နေရဆဲပဲ။ ပိုက်ဆံတတ်နိုင်လို့ LNG ဓာတ်ငွေ့တွေ ဝယ်သုံးရတာက ပြဿနာ မဟုတ်ပေမယ့် ရေရှည် ဆိုရင် အဆင်မပြေနိုင်ဘူး။ မြစ်ဆုံက ရရင်တော့ လျှပ်စစ် လိုအက်ချက်ကို အတော်လေး အထောက်အကူ ပြုနိုင်လိမ့်မယ်။
ဒီနေရာမှာ နှစ် ၁၀၀ အတွင်း ပေါ်ပေါက်တတ်တဲ့ မြေငလျင် အကြောင်းတွေလည်း ပြောကြတာ ရှိတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အမြင့်ဆုံး မြေငလျင်က ၈ မဂ္ဂနီကျူ ပတ်ဝန်းကျင် လောက် ရှိမလားပဲ။ မန္တလေး မြေငလျင်ဒဏ်ဖြစ်တော့ အစိုးရဝန်ကြီးရုံးနဲ့ အိမ်ယာတွေ အတော်လေး ပျက်စီးပေမယ့် အသစ်တည်ထားတဲ့ ဘုရားကတော့ ဘာမှ ထိခိုက်တာ မတွေ့ရဘူး။ ဒီတော့ မဖြစ်သေးတာကို မျှော်လင့်ပြီး ဒီတိုင်း Comfort Zone ထဲ နေကြမလား၊ နည်းပညာနဲ့ ကျော်ဖြတ်မလား ဆိုတာ စဉ်းစားကြရတော့မယ်။
ဂျပန်မှာဆိုရင်လည်း တနှစ်ကို မုန်တိုင်း ပေါင်း ရာချီ ဖြစ်ပြီး မြေငလျင်တွေ ဆက်တိုက် ဖြစ်တာပါပဲ။ နည်းပညာ မြင့်တဲ့အခါကြတော့ အဆောက်အဦ ထိခိုက်တာထက် လူအသေအပျောက်နည်းအောင် ပိုဂရုစိုက်ကြတယ်။ ဆိုလိုတာက မုန်တိုင်းဖြစ်တာ ၊ မြေငလျင် ဖြစ်တာကို ကြောက်နေတာထက် ဒါတွေကို ဘယ်လို ကျော်ဖြတါကြမလဲ ဆိုတဲ့ ပုံစံနဲ့ပဲ ချဉ်းကပ်ကြတာ တွေ့ရတယ်။
လက်ရှိနီပေါ ဖြစ်စဉ်မှာလည်း ဆင်ဟွာဘက်က ထုတ်ပြန်ချက်တွေကြည့်ရတာ....ကယ်ဆယ်ရေးနဲ့ ထူထောင်ရေးတွေ လုပ်နိုင်ဖို့ စက်ယန္တရားတွေသုံးပြီး လမ်းဖောက်နေတာ မြင်ရတယ်။ သာမန်ဆိုရင်တော့ ဒီလောက်ကြီးတဲ့ သဘာဝဘေးကို လက်လျော့လိုက်ကြမှာပဲ။ သူတို့ကတော့ ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုပြီး ပုံစံပြောင်း တွေးကြတယ်။ ဖွံ့ဖြိုးတိုးတက်ကြတဲ့ နိုင်ငံတွေမှာ ဒီလိုမျိုး ကွဲထွက်တဲ့ Idea တွေ ရှိကြတာ ဆန်းတော့ မဆန်းဘူး။
(နရီမိုး)
275
58
5
2August 31, 2026 3.5K 6 10

