ဒီကနေ့ မလှိုင်ဘက်ခြမ်း၊ ထမ္မကြီး ကျေးရွာဘက်မှာ ပလကဖ ခေါင်းဆောင် အပါအဝင် ၁၂ ယောက်လောက်ကို နောက်ထပ် PDF အယောက် ၅၀ လောက်ရှိတဲ့ တပ်ဖွဲ့က သတ်ဖြတ်လိုက်ကြတယ်ဆိုတဲ့ သတင်းလေး ထွက်လာတယ်။ အရင် ကနဦး သိထားတာက ပြည်သူတွေဆိုပြီး သိထားရာကနေ ပလကဖ အဖွဲ့တွေလို့ သိလာရတယ်။
တကယ်တော့ မလှိုင် ဆိုတာက အရင် နွားထိုးကြီး၊ မြင်းခြံဘက်ခြမ်းကို တပ်က စစ်ကြောင်းထိုး နယ်မြေရှင်းတဲ့အခါ....တဖြည်းဖြည်း အဲ့ဒီဘက်ကို ရောက်သွားတဲ့သဘောပဲ။ လက်ရှိ တောင်သာ တဝိုက်၊ ဇဂျမ်းနဲ့ ဝဲလောင် ဘက်မှာလည်း ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေကို ဆက်ကြေးကောက်၊ ပြန်ပေးဆွဲတာတွေလည်း ခပ်စိတ်စိတ် ဖြစ်နေကြတယ်။
ဒီဖြစ်စဉ်တွေကိုကြည့်တဲ့အခါ....ဒေသန္တရ လက်နက်ကိုင် အဆင့်ဆင့်ကြားမှာတောင် အကျိုးစီးပွားနွယ်လာရင် ဘက်တူတာတောင် လူမရွေးဘူး ဆိုတဲ့ အခင်းအကျင်းမျိုး မြင်လာရတယ်။ ပလကဖ ဆိုတာကလည်း သာမန် ပြည်သူ မှမဟုတ်ဘဲ။ အစွယ်ရှိလို့ကို အဲ့ဒီနယ်မှာ ခေါင်းဆောင်ဆိုပြီး ဗိုလ်ခံထားတာပေါ့။ ဒါကိုကြည့်ရင်....သာမန် ပြည်သူတွေရဲ့ ဘဝလုံခြုံမှုက သိပ်ကို ကြောက်စရာ ကောင်းလာတာ တွေ့ရလိမ့်မယ်။
ဘာပဲ ပြောပြော....ဒီမိုကရေစီကို လိုချင်လို့၊ စစ်အာဏာရှင်ကို တိုက်ထုတ်ချင်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ လက်နက်ကိုင်လာကြတဲ့သူတွေက အခွန်ဆက်ကြေး အဆင့်လောက်တင် တဖွဲ့နဲ့ တဖွဲ့ ပစ်သတ်ရှင်းလင်းကြတဲ့ အခြေအနေမျိုး လုပ်လာကြတယ်။ ကြည့်ရတာ....SCEF လို့ တဖက်မှာ ကြီးကြီးကျယ်ကျယ် ပြောနေကြပေမယ့် အညာမြေမှာတော့ သူတလူ၊ ဗိုလ်တမင်း ပုံစံနဲ့ ဟင်္သာကိုးသောင်းပုံစံ ဇာတ်ပျက်နေခဲ့ကြပြီ။ လူ ၁၂ ယောက်ကို တထိုင်တည်း သတ်ပစ်နိုင်လောက်တဲ့ အကြမ်းဖက်ပုံစံမျိုးကတော့ အံ့အားသင့်စရာ အခြေအနေပဲ။
(နရီမိုး)
275
35
24
6
4
2
1
1August 31, 2026 4.2K 14 11