တဲ့ ဇာတ်ကောင်တွေရဲ့ ရည်မှန်းချက်ပန်းတိုင်အကြောင်း ပြန်ပြောင်း ပြောပြပြီး ဇာတ်သိမ်းလိုက်ရမှာ ဖြစ်ပါတယ်။
Story တွေကို ဖျော်ဖြေရေးမှာသာမက စီးပွားရေ, ပညာရေး, လူမှုရေး အစရှိတဲ့ နေရာတိုင်းမှာ အသုံးပြုလို့ရပါတယ်။ ဥပမာအားဖြင့် နာမည်ကျော် အိမ်အငှားဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ Airbnb ကုမ္ပဏီ အကြောင်းကို story ပုံစံလေးနဲ့ ပြောကြည့်ရအောင်ပါ။
Airbnb ရဲ့ လက်ရှိတန်ဖိုးဟာ အမေရိကန်ဒေါ်လာ တစ်ဘီလျံအထိ ရှိ ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းကို စတင်ချိန်တုန်းကတော့ ကုမ္ပဏီ တည်ထောင်သူတွေဖြစ်တဲ့ Joe Gebbia နဲ့ Brain Bhesky တို့ ဟာ ခက်ခက်ခဲခဲ ရုန်းကန်ကြိုးစားခဲ့ကြရပါတယ်။ သူတို့နှစ်ယောက် ဟာ ကမ္ဘာတစ်ဝန်းက ခရီးသွားတွေအတွက် ထူးခြားကောင်းမွန်တဲ့ အိမ် အငှားဝန်ဆောင်မှု website တစ်ခုကို အရမ်းတည်ဆောက်ချင်ခဲ့ကြ တာ ဖြစ်ပါတယ်။
ဒါကတော့ Airbnb ဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ ရည်မှန်းချက်နဲ့ ဇာတ်လမ်းအစပိုင်းကို ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ အခုဆက်ပြီး Airbnb ရဲ့ ဇာတ်ကောင်တွေ ကြုံဆုံရတဲ့ စိန်ခေါ်မှုတွေ, အလှည့်အပြောင်းတွေနဲ့ ရုန်းကန်ကြိုးစားမှုတွေကို ဆက်ပြောကြည့် ရအောင်ပါ။
Joe Gebbia နဲ့ Brain Bhesky တို့ဟာ ငွေအရင်းအနှီး မ လုံလောက်ကြတဲ့အတွက် ကုမ္ပဏီ ဆက်လက်လည်ပတ်နိုင်ဖို့ နည်းမျိုးစုံ နဲ့ ကြိုးစားခဲ့ကြရပါတယ်။ ငွေကြေးပြဿနာကို ဖြေရှင်းဖို့အတွက် သူ တို့ဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲပုံတွေပါတဲ့ မနက်စာကွေကာ အုပ်တွေကို ထုတ်လုပ်ရောင်းချခဲ့ကြရပါသေးတယ်။ အဲဒီလုပ်ငန်းကနေ ရရှိလာတဲ့ $30000 လောက်နဲ့ Airbnb ကို အသက်ဆက်ခဲ့ကြရ တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ဇွဲရှိမှုကို သဘောကျသွားတဲ့အတွက် Paul Graham ဆိုတဲ့ ရင်းနှီးမြုပ်နှံသူ တစ်ယောက်က ငွေကြေးထောက်ပံ့ပေးခဲ့သလို လမ်းညွှန်မှုတွေလဲ လုပ် ပေးခဲ့တာကြောင့် လုပ်ငန်းဟာ တဖြည်းဖြည်းနဲ့ တိုးတက်လာခဲ့ပါတော့ တယ်။
အခုနောက်ဆုံးအနေနဲ့ Airbnb ဇာတ်လမ်းရဲ့ အဆုံးသတ်ကို ရောက် ရှိလာပါပြီ။ ဒီအပိုင်းမှာတော့ ဇာတ်လမ်းအစတုန်းကပြောခဲ့တဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ပြန်ပြောပြပြီး ဇာတ်သိမ်းရမှာဖြစ်ပါ တယ်။
Airbnb ကုမ္ပဏီဟာ တဖြည်းဖြည်းနဲ့ တိုးတက်သထက်တိုးတက်လာ သလို၊ ရင်းနှီးမြုပ်နှံမှုတွေကိုလဲ အကြိမ်များစွာ ထပ်မံပြုလုပ်နိုင်ခဲ့ပါ တယ်။ 2020 ခုနှစ်မှာတော့ NASDAQ အိတ်ချိန်းမှာ အများပိုင် ကုမ္ပဏီအဖြစ် ကြေငြာနိုင်ခဲ့ပြီး Airbnb ရဲ့ တည်ထောင်သူနှစ် ယောက်ဟာ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို လှမ်းကိုင်နိုင်ခဲ့ကြပြီ ဖြစ် ပါတယ်။
ဒါကတော့ Airbnb ကုမ္ပဏီအကြောင်းကို ဇာတ်လမ်းတစ်ခုသဖွယ် တင်ပြသွားခဲ့တာပါ။ ဒီလို ဇာတ်လမ်းကျောရိုးမျိုးကိုသာ တည်ဆောက် တတ်မယ်ဆိုရင် ဘယ်အကြောင်းအရာကိုမဆို story တစ်ခုလို ပြောဆိုတင်ပြနိုင်စွမ်းရှိလာမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဇာတ်လမ်းဘယ်လောက်ကောင်းကောင်း စင်ပေါ်ရောက်တဲ့ အခါ စိတ်လှုပ်ရှားပြီး ဇာတ်လမ်းဇာတ်ကွက်တွေကို မေ့သွားတာမျိုးနဲ့ ကြုံရနိုင်ပါသေးတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက်တော့ စာရေးသူ က “မှတ်ဉာဏ်နန်းတော်” (memory palace) တစ်ခုကို တည်ဆောက်ဖို့ အကြံပေးထားပါတယ်။ “Memory Palace” ဆို တာကတော့ ကိုယ့်စိတ်ထဲမှာ အချက်အလက်တွေကို ပိုမှတ်မိအောင် အစီအစဉ်တကျသိမ်းထားနိုင်မယ့် နေရာတစ်ခု ဖြစ်ပါတယ်။ စာရေးသူ က ဒီစာအုပ်မှာ “memory palace" တစ်ခုကို တည်ဆောက်ဖို့ အတွက် အကြံပြုချက်အချို့ကိုလဲ ဖော်ပြထားပါတယ်။
Memory palace ကို တည်ဆောက်ဖို့အတွက် ပထမဆုံးအနေနဲ့ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်တဲ့ နေရာတစ်ခုကို ရွေးချယ်ရပါမယ်။ ဥပမာ အားဖြင့် ကိုယ်နေထိုင်တဲ့ အိမ်လိုမျိုးပေါ့။ ပြီးရင်တော့ ကိုယ်နေ့စဉ် ဝင် ထွက်သွားလာမှုအများဆုံး လမ်းကြောင်းတစ်ခုကို စိတ်ထဲမှာဖြစ်စေ, စာရွက်တစ်ခုမှာဖြစ်စေ ရေးဆွဲလိုက်ရပါမယ်။ ဥပမာအားဖြင့် တံခါးမ ကြီးကနေဝင်မယ်၊ ညာဘက်ကွေ့မယ်၊ ဧည့်ခန်းထဲရောက်မယ်၊ ပြီးရင် မီးဖိုချောင်, ထမင်းစားခန်း, အိပ်ခန်း, ရေချိုးခန်း, ဝရန်တာ, မင်းလမ်း တွေကို ဖြတ်ရမယ် အစရှိသဖြင့်ပေါ့။ ပြီးရင်တော့ အဲဒီနေရာတစ်ခုချင်း စီမှာ ကိုယ်မှတ်မိချင်တဲ့ သတင်းအချက်အလက်တွေကို ထည့်သွင်း မှတ်သားရမှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် အထက်မှာပြောခဲ့တဲ့ Airbnb ရဲ့ ဇာတ်လမ်းကို “memory palace” ထဲမှာ ထည့်သွင်းကြည့်မယ်ဆိုပါစို့။ ဒါဆိုရင် ကိုယ့်ရဲ့ဧည့်ခန်းထဲမှာ “Airbnb တည်ထောင်သူတွေဟာ အိမ်အငှားwebsite တစ်ခုကို ဖန်တီးချင်ခဲ့ကြတယ်” ဆိုတဲ့အချက်ကို ထည့် သွင်းနိုင်ပါတယ်။ မီးဖိုချောင်ထဲမှာတော့ “သူတို့ဟာ ကုမ္ပဏီရင်းနှီးငွေ ကို မြှင့်တင်ဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြတယ်” ၊ ထမင်းစား ခန်းထဲမှာတော့ “သူတို့ဟာ မနက်စာကွေကာအုပ်တွေကို ဒီဇိုင်းဆွဲပြီး ရောင်းချခဲ့ကြတယ်” အစရှိသဖြင့် ထည့်သွင်းမှတ်သားထားနိုင်ပါ တယ်။ ရှင်းရှင်းပြောရရင်တော့ ကိုယ်မှတ်မိချင်တဲ့ အချက်အလက်တွေ ကို ကိုယ်နေ့တိုင်းသွားနေတဲ့ လမ်းကြောင်းအတိုင်း အစဉ်လိုက် တွဲမှတ် လိုက်တဲ့ သဘောပါပဲ။ ဒီလမ်းကြောင်းတွေကို နေ့စဉ်သွားလာတိုင်းမှာ သက်ဆိုင်ရာ အချက်အလက်တွေကို မှတ်ဉာဏ်ထဲကနေ ပြန်ခေါ်ကြည့် ရမှာ ဖြစ်ပါတယ်။