သိပ္ပံပညာရှင်များက ပလတ်စတစ်ဘူးများကို ပရိုတင်းပြည့်ဝတဲ့ ကွတ်ကီးများအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ပြီဟုဆို
--------------------------------------------------
MFN
ရန်ကုန်။ ၂၀၂၆၊ ဩဂုတ် ၃၀ ရက်
တောင်အီလီနွိုက်တက္ကသိုလ်မှ သိပ္ပံပညာရှင်များဟာ ပလတ်စတစ်ဘူးများနှင့် စိုက်ပျိုးရေးထွက် စွန့်ပစ်ပစ္စည်းများကိုသုံးကာ သရီးဒီပရင်တာဖြင့် ပရိုတင်းဓာတ်ပြည့်ဝတဲ့ ကွတ်ကီးများကို ထုတ်လုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။
ပညာရှင်များက ပလတ်စတစ်နဲ့ အပင်စွန့်ပစ်ပစ္စည်းများကို ပြင်းထန်တဲ့ အပူချိန်နဲ့ ဖိအားအောက်မှာ ရေနှင့် အောက်ဆီဂျင်ကို အသုံးပြုပြီး ဖြိုခွဲလိုက်ပြီးနောက် မျိုးရိုးဗီဇပြုပြင်ထားတဲ့ တဆေးက အပေါ်က ဖြိုခွဲထွက်ရှိလာတဲ့ ဒြပ်ပေါင်းတွေနဲ့ ဓါတ်ပြုကာ ပရိုတင်း၊ အဆီနဲ့ အက်ဆစ်တို့ကို ထွက်လာစေတာဖြစ်တယ်လို့ သိရကာ ယခု တီထွင်မှုဟာ ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ ပြဿနာကြီး၂ ရပ် ဖြစ်တဲ့ ပလတ်စတစ် အမှိုက်စွန့်ပစ်မှုနဲ့ စားနပ်ရိက္ခာဖူလုံရေးတို့ကို ပြေလည်သွားစေနိုင်တယ်လို့လည်း သိရပါတယ်။
အဲဒီနောက်မှာ အမျှင်ဓာတ်၊ ကစီဓာတ်နှင့် အချိုဓာတ်တို့ကို ပေါင်းစပ်ပြီး သရီးဒီပရင်တာကို အသုံးပြုပြီး လိုချင်တဲ့ ဒီဇိုင်းနဲ့ ကွတ်ကီးကို ထုတ်လုပ်လိုက်တာဖြစ်ကာ အဆိုပါ ကွတ်ကီးကို လက်တွေ့စမ်းသပ်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
#ပလတ်စတစ်ဘူးများ #ပရိုတင်း #ကွတ်ကီးများ #MFN #MyanmarFutureNews
Photos- Internet
MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Tiktok - https://www.tiktok.com/@myanmarfuturenews
Telegram –https://t.me/myanmarfuturenews
YouTube - https://www.youtube.com/@MyanmarFutureNews-MFN









