ဆိုက်ပရပ်စ် မြောက်ပိုင်း ကမ်းလွန်မှာ ကူးတို့သင်္ဘော တိမ်းမှောက်လို့ လူရှစ်ဦး သေဆုံးကာ အတော်များများပျောက်ဆုံးနေ
သြဂုတ် ၃၁ - ၂၀၂၆
တူရကီ ထိန်းချုပ်ထားတဲ့ ဆိုက်ပရပ်စ် မြောက်ပိုင်း ကမ်းလွန်မှာ ခရီးသည်တင် ကူးတို့ သင်္ဘောတစီး တိမ်းမှောက်ခဲ့လို့ အနည်းဆုံး လူ ရှစ်ဦး သေဆုံးခဲ့ရပြီး တခြား ၁၂ ဦးကျော် ပျောက်ဆုံးနေတယ်လို့ တူရကီ အုပ်ချုပ်ရေး အဖွဲ့ အကြီးအကဲ က ပြောပါ တယ်။
ကူးတို့ သင်္ဘောဟာ ဆိုက်ပရပ်စ် ကျွန်းပေါ်က ကမ်းရိုးတန်း မြို့ဖြစ်တဲ့ Kyrenia ကနေ ခရီးသည် ၂၅၉ ဦးနဲ့ သင်္ဘောသား ရှစ်ဦး တင်ဆောင်လာခဲ့ တာဖြစ်ပါတယ်။
ဒီဝမ်းနည်းဖွယ် အဖြစ်ဆိုးကြီး ဘယ်လိုဖြစ်ခဲ့ရသလဲ ဆိုတာ စုံစမ်း စစ်ဆေးဖို့ အတွက် သင်္ဘောကပ္ပတိန်နဲ့ သင်္ဘောသား ခုနစ်ဦး တို့ကို ထိန်းသိမ်း ထားတယ်လို့ သိရပါတယ်။
ပျောက်ဆုံးနေဆဲ ခရီးသည်တွေကို ရှာဖွေဖို့ ကယ်ဆယ်ရေး စစ်ဆင်မှု တခု ဆောင်ရွက်နေပြီး၊ တူရကီ အာဏာပိုင်တွေလည်း ပါဝင်ကူညီပေးနေ ပါတယ်။
ပုဂ္ဂလိကပိုင် ဒီ ကူးတို့သင်္ဘောဟာ လူကြိုက်များတဲ့ အပန်းဖြေ စခန်းမြို့ ဖြစ်တဲ့ Kyrenia ကနေ ဒေသစံတော်ချိန် ၁၁:၃၀ နာရီ လောက်မှာ ထွက်ခွာ ခဲ့ တာပါ။
စနေနေ့မှာ တူရကီနိုင်ငံဆီ ထွက်ခွာဖို့ အစီအစဉ် ဆွဲထား ခဲ့ပေမဲ့ ရာသီဥတု ဆိုးရွားမှုကြောင့် ကြန့်ကြာခဲ့ရတာ ဖြစ်ပါတယ်။
လှေဟာ မမှောက်မီ လှိုင်းနှစ်လုံး ရိုက်ခတ်ခြင်း ခံခဲ့ရတယ်လို့ တူရကီ မီဒီယာဌာန တခုဖြစ်တဲ့ TRT မှာ ဖေါ်ပြထားပါတယ်။
သင်္ဘောကပ္ပတိန်ဟာ ပထမလှိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေစဉ် ဒုတိယလှိုင်း ထပ်မံ ရိုက်ခတ်ခဲ့ပြီး ရေဝင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရဟတ်ယာဥ်တွေနဲ့ ကမ်းခြေစောင့် တပ်ဖွဲ့ လှေတွေကို အခင်း ဖြစ်ပွား ရာ နေရာဆီ စေလွှတ်ထားပြီး၊ ကယ်ဆယ်ရရှိလာတဲ့ ခရီးသည် တွေကို လက်ခံဖို့ ကမ်းခြေမှာ လူနာတင်ယာဉ်တွေကို အသင့် နေရာ ချထားပေး ပါတယ်။
လက်ရှိအချိန်မှာ လူ့အသက် ကယ်ဆယ်ရေးဟာ ပထမဦးစားပေး ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေ၊ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ကျန်းမာရေး တာဝန် ရှိသူတွေ အားလုံး အခင်း ဖြစ်ပွားရာ နေရာမှာ ရောက်ရှိနေကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီ ဘေးဒုက္ခကြီးကို သေချာပေါက် စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး အသေးဆုံး ပေါ့ဆမှုကိုတောင် ဖော်ထုတ်သွားမှာပါ လို့ ဆိုပါတယ်။
"ဘယ်သူပဲဖြစ်ဖြစ်၊ အပြစ်ရှိသူ ဒါမှမဟုတ် တာဝန်ရှိသူ ဘယ်သူ့ကိုမှ အပြစ်ကင်းလွတ်ခွင့် ပေးမှာ မဟုတ်ပါဘူး" လို့ တာဝန်ရှိသူ က ပြောပါ တယ်။
ဆိုက်ပရပ်စ် မြောက်ပိုင်း ကို တူရကီက ထိန်းချုပ်ထားပြီး တူရကီ သမ္မတ နိုင်ငံ TRNC အဖြစ် ၁၉၇၄ ခုနှစ် ကတည်းက ပိုင်းခြားထားပြီး ဆိုက်ပရပ်စ် ကျွန်းရဲ့ မြောက်ပိုင်း သုံးပုံ တစ်ပုံကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
---------------------------
THN Public Media
-
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
https://t.me/+iFZ9Q4hyodJkNjRk
https://t.me/THNjournalist
တစ်တော့ လာပြီ
https://www.tiktok.com/@thnmedia?lang=en
-
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
https://www.facebook.com/becomesupporter/100066613536888/
--------------------------
တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese













