PDF Loikaw Official: post #144 — TG.ME

၅ ရက် စက်တင်ဘာလ၊ ၂၀၂၄ ခုနှစ်၊ လွိုင်ကော်မြို့မြောက်ဘက်ခြမ်း၊ ကျောင်းကုန်းကျေးရွာ အနီးတစ်ဝိုက် တိုက်ပွဲတွင် အသက်ပေးခဲ့သည့် သူရဲကောင်း ရဲဘော်လုကာ ၏ ဈာပန အခန်းအနားကို ၆ ရက်နေ့၊ စက်တင်ဘာလ၊ ၂၀၂၄ တွင် မိမိတို့ Loikaw PDF မှ ညိုးငယ်သော စိတ်ဖြင့် စီစဉ်ပြုလုပ်ခဲ့သည်။

ရဲဘော် လုကာ သည် တိုက်ပွဲများစွာတွင် ပါဝင်ခဲ့ပြီး တိုင်းပြည်အတွက် ဂုဏ်ရောင် ထွန်းပြောင်ခဲ့သည်။

ရဲဘော် လုကာ ၏ ပေးဆပ်မှု အား မိမိတို့ လွိုင်ကော် PDF မှ နမျှောတသ ဝမ်းနည်းရသလို လေးစားဦးညွှတ်အလေးပြုရပါသည်။

မပြီးပြတ်သေးသော တော်လှန်ရေးလုပ်ငန်းကို မိမိတို့ လွိုင်ကော် PDF မှ ဆက်လက် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းကိုလည်း ဂတိသစ္စာ ပြုလိုက်သည်။

---------
ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်)
😢160👍10❤9👏3🥰1
September 9, 2024 5.2K 6