PDF Loikaw Official: post #142 — TG.ME

တော်လှန်ရေးထုတ်ကုန် " သူပုန် "
လက်ဖက်‌ခြောက် မကြာခင် လာမယ် !!

အငွေ့တထောင်းထောင်း အရသာရှိရေနွေးကြမ်းကို အရသာခံ သောက်ရင်း တော်လှန်ရေးမှာ ပါဝင်နိုင်တော့မယ်ဆိုတာ သိရဲ့လား? (လက်ဖက်သုတ်၊ ဆတ်သားခြောက်လေးနဲ့ပါ မြည်းလိုက်။ အရသာရှိပါပေ့)

(၁) အရသာ quality ပိုင်း နဲ့ ထုတ်ပိုးမှု quality ပိုင်းကို အကောင်းဆုံး ကြိုးစားပါ့မယ်။ တော်လှန်ရေးအတွက် ဝယ်တယ်ဆိုတာထက် တကယ် ကြိုက်လို့ ဝယ်သောက်ပါတယ်ဆိုတာကမှ ကျွန်တော်တို့ရဲ့ အိပ်မက်ဖြစ်ပါတယ်။

(၂) ထုတ်နိုင်အားနည်းသေးလို့ အခုအစောပိုင်းတော့ ဈေးများကောင်း များနိုင်ပေမယ့် ရောင်းအားကောင်းလာတာနဲ့အမျှ ဈေးကျလာအောင် ကြိုးစားပါ့မယ်။

(၃) အမြတ်ငွေတွေဟာ တော်လှန်ရေးအတွက် ဖြစ်ရမယ်။ လူသန်း ၅၀ ကျော် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်မယ့် လက်ဖက်ခြောက်ပါ။

--------

Loikaw PDF က ဦးစီးတဲ့
" သူပုန် " ထုတ်ကုန်ကို အကောင်ထည်ပေါ်အောင် ကူညီပေး၊ ချိတ်ဆက်ပေး၊ ရင်းနှီးမြုပ်နှံပေးသူများအားလုံးကို ကျေးဇူးတင်လျက်ပါ။ ကော်ဖီ နဲ့ တခြား ထုတ်ကုန်တွေလည်း ထပ် လာပါဦးမယ်။

ဒီ လက်ဖက်ခြောက်ကိုလည်း မကြာခင် ရောင်းချပါတော့မယ် 🙏

အောက်က link မှာ ဝယ်လို့ရမယ် 👇

https://www.facebook.com/share/p/p9wvJU3NackCQV3K/?mibextid=oFDknk
❤122👍34👏7🥰2
July 5, 2024 10.3K 14