တိုက်ပွဲကာလ (၁) လ ဝန်းကျင်ကြာမြင့်ပြီးချိန်တွင် ကရင်နီပြည်၊ ရှားတောမြို့အတွင်းတွင် နှစ်ပေါင်းများစွာ အခိုင်အမာတပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများအားလုံးကို မိမိတို့ Loikaw PDF အပါအဝင် KA / KNDF တို့မှ အပြီးသတ်ချေမှုန်းနိုင်ခဲ့သည်။
တိုက်ပွဲကာလတစ်လျှောက်လုံးတွင် အကြမ်းဖက်စစ်ကောင်စီ ရာထူးအဆင့်ဆင့်မှ အယောက် ၁၆၀ ကျော်ကို ခြေမှုန်းနိုင်ခဲ့ပြီး လက်နက်ငယ် (၁၂၈)လက်၊ လက်နက်ကြီးအစုံ(၁၈)လက်၊ Smoke Gun (၃)လက်၊ Jammer Gun (၁)လက်၊ ဆက်သွယ်ရေးစက်များ၊ စစ်ကောင်စီယာဉ်များ၊ ခဲယမ်းကျည်ဆံများ စသည့် အသုံးအဆောင်ပစ္စည်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့သည်။
မိမိတို့ Loikaw PDF သည် မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲတွင်လည်း ရာနှုန်းပြည့်ပါဝင်ခဲ့ကာ စစ်ကောင်စီတပ်များ အလုံးစုံကင်းစင်ရေးကို ဦးတည်ပါဝင်ခဲ့ပြီး အခုအခါတွင် ဒုတိယမြောက် အလုံးစုံလွတ်မြောက်သွားသည့် ရှားတောမြို့သိမ်းတိုက်ပွဲတွင်လည်း ထပ်မံ ပါဝင်တိုက်ခိုက်ခဲ့သည်။ Loikaw PDF ၏ drone တိုက်ခိုက်ရေး mission ရာချီ ဆောင်ရွက်ခဲ့ပြီး မြို့သိမ်းပွဲတွင်လည်း အင်တိုက်အားတိုက်ပူးပေါင်းခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီသည် ယခု ရှားတောမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့နေအိမ် ၅၀ ဝန်းကျင်ကို ဖျက်ဆီးခဲ့ပြီး အရပ်သား ၇ ဦးထပ်မနည်းကို သတ်ဖြတ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကို ရာချီ ကျူးလွန်ခဲ့ပြီး မိမိတို့ တော်လှန်ရေးရဲဘော်တစ်ချို့ မြင့်မြတ်စွာ အသက်ပေးအပ်ခဲ့ရသည်။
မိမိတို့ လွိုင်ကော် PDF သည် အကြမ်းဖက်စစ်ကောင်စီ ကရင်နီဒေသမှ အပြီးတိုင် ချုပ်ငြိမ်းပျောက်ကွယ်သွားသည်ထိ၊ အရေးတော်ပုံ အောင်မြင်သည်ထိ ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားဦးမည်ဖြစ်ကြောင်း အများပြည်သူရှေ့တွင် ဂတိပြုအပ်ပါသည်။
--------
ပြန်ကြားရေး
ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်)
269
38
26
4
2February 16, 2024 11.8K 3