၂၃ ရက် မေလ၊ ၂၀၂၄ ခုနှစ်၊ လွိုင်ကော်မြို့မြောက်ဘက်ခြမ်း၊ ကျောင်းကုန်းကျေးရွာ အနီးတစ်ဝိုက် တိုက်ပွဲတွင် အသက်ပေးခဲ့သည့် သူရဲကောင်း ရဲဘော် ဒီတန်ခင်စိုး (ခ) ဖိုးကလား ၏ ဈာပန အခန်းအနားကို ၂၅ ရက်နေ့၊ မေလ၊ ၂၀၂၄ တွင် မိမိတို့ Loikaw PDF မှ ညိုးငယ်သော စိတ်ဖြင့် စီစဉ်ပြုလုပ်ခဲ့သည်။
ရဲဘော် ဒီတန်ခင်စိုးသည် တိုက်ပွဲများစွာတွင် ပါဝင်ခဲ့ပြီး တိုင်းပြည်အတွက် ဂုဏ်ရောင် ထွန်းပြောင်ခဲ့သည်။
ရဲဘော် ဒီတန်ခင်စိုး ၏ ပေးဆပ်မှု အား မိမိတို့ လွိုင်ကော် PDF မှ နမျှောတသ ဝမ်းနည်းရသလို လေးစားဦးညွှတ်အလေးပြုရပါသည်။
မပြီးပြတ်သေးသော တော်လှန်ရေးလုပ်ငန်းကို မိမိတို့ လွိုင်ကော် PDF မှ ဆက်လက် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းကိုလည်း ဂတိသစ္စာ ပြုလိုက်သည်။
---------
ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်)
142
13
4
2
1May 29, 2024 8.4K 2






