သမိုင်းမှာအဖိုးမဖြတ်နိုင်တဲ့ စာပေလက်ရာကောင်းတွေဆိုတာ… — 𝖫𝗂𝗍𝖾𝗋𝖺𝗋𝗒 𝖬𝗂𝗇𝖽𝗌𝖼𝖺𝗉𝖾 — TG.ME

𝖫𝗂𝗍𝖾𝗋𝖺𝗋𝗒 𝖬𝗂𝗇𝖽𝗌𝖼𝖺𝗉𝖾Photo
သမိုင်းမှာအဖိုးမဖြတ်နိုင်တဲ့ စာပေလက်ရာကောင်းတွေဆိုတာ ကျွန်တော်တို့အတွက်မျက်စိပသာဒဖြစ်စေရုံသက်သက်တော့မဟုတ်ပါ။ ဒါကလူသားတွေရဲ့ တည်ရှိမှု၊ အသိတရားနဲ့ လွတ်လပ်မှုတွေကို နက်နက်ရှိုင်းရှိုင်း မေးခွန်းထုတ်ပေးတဲ့ ဒဿနိကဗေဒဆိုင်ရာ သဘောတရားတွေရဲ့ ပုံရိပ်တစ်ခုလိုပါပဲ။ အဲဒီလို လက်ရာမြောက်လှတဲ့ စာပေတွေနဲ့ပတ်သက်ရင် ၁၃ရာစုအကုန်၁၄ရာစုအစောပိုင်းကာလမှာ အိတလီမြေပေါ်ကပေါက်ဖွားလာတဲ့ကမ္ဘာကျော် ကဗျာဆရာကြီးDante Alighieriရဲ့ စာပေဒဿနဟာဆိုရင်လည်း လုံးဝအထင်ကြီးစရားပါပဲ။ သူနဲ့ပတ်သက်ပြီး ကျွန်တော်Poetry Foundationမှာသူရဲ့အတ္တုပတ္တိ ကိုလေ့လာကြည့်တဲ့အခါ သူကသာမန်ကဗျာဆရာတစ်ဦးထက်ပိုတာသတိထားမိတယ်။ ဒါပေမယ့် သူကကဗျာဆရာနဲ့ ဒဿနိကဗေဒပညာရှင်အဖြစ်လည်း အားလုံးကသိကြမယ်ထင်ပါတယ်။ Dante Alighieriရဲ့ဘဝမှာ စာပေအယူအဆပေါင်းများစွာရှိပြီးအ့ဒီထဲကမှ အထင်ရှားဆုံးအယူအဆတစ်ခုကိုပြောရလျှင် သူဟာလူသားတွေအားလုံးရဲ့ ကံကြမ္မာနဲ့ အဆုံးအဖြတ်တိုင်းဟာ သူတို့အတွက်တန်ပြန်စေတဲ့ပြင်ပအာဏာတွေရယ် မိမိတို့ရဲ့တည်ရှိနေမှုဟာ ကံတရားသက်သက်ပေါ််မှာ မူမတည်နေကြောင်း ထိုတည်ရှိနေမှုဟာ လူသားတစ်ဦးချင်းစီး၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် မိမိတို့၏အချုပ်အချာကို မိမိတစ်ဦးထဲသာစိုးမိုးနိုင်သော ဆုံးဖြတ်ချက်ဖြင့် လူသားတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ရွေးချယ်မှုတွေပေါ်မှာအပြည့်အဝတည်ရှိနေကြောင်းကို သူကမိန့်ဆိုထားခဲ့ပါတယ်။

Dante Alighieriရဲ့ ရေးသာချက်တွေထဲမှာမှ ကမ္ဘာကျော်ပြီး ဥရောပရဲ့စာပေ‌ကဗျာလောကထဲကမှ အမြင့်မြတ်ဆုံးလို့သတ်မှတ်ထားတဲ့ Divine Comedyကဗျာလကာ်ကြီးထဲမှာဆိုရင်သူက ငရဲ၊ သန့်ရှင်းစင်ကြယ်ရာဌာနနဲ့ ကောင်းကင်ဘုံလို့ခေါ်တဲ့ ခရီးစဉ်၃ရပ်ကို သူကဖန်တီးပြသထားတယ်။ ဒီခရီးစဥ်၃ခုရပ်ထဲမှာ လူသားတွေဟာ မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ အသိတရားကို အခြေခံချချအသုံးချပြီး ကိုယ်ရဲ့အနာဂတ်အတွက် ကိုယ်ဖောက်ထုတ်မယ့် လမ်းကြောင်းဟူသမျှကို မိမိကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိရမည်ဖြစ်ကြောင်း သူကအလေးအနက်တိုက်တွန်းပြသထားခဲ့တယ်။ ဆိုတော့ လူတစ်ယောက်က မိမိကိုယ်တိုင်မသိနားမလည်မှုတွေ၊ မိမိရဲ့မာန်မာနတွေ၊ အတ္တတွေနဲ့ အမှားထဲမှာ နစ်မွန်းနေမယ်ဆိုရင် သူကငရဲကျနေသလိုပါဘဲ။ ဒီအတွက် ကိုယ့်ရဲ့အပြစ်တွေကို ကိုကိုယ့်တိုင်သိမြင်တတ်ရမယ်...ထိုသိမြင်မှုကနောင်တတရားတွေနဲ့ ကိုယ့်ရဲ့ဝိညာဉ်ကို သန့်စင်လိုက်မယ်ဆိုရင် သူကတိုးတက်မြင့်မားရာ လမ်းကြောင်းမှန်ကို မလွဲရောက်နိုင်ပါလိမ့်မယ်။ ဒါကြောင့် Dante Alighieriရဲ့ အတွေးအခေါ်တွေဟာ လူသားတွေရဲ့ စိတ်ဓါတ်ပိုင်ဆိုင်ရာ လွတ်လပ်မှု၊ တာဝန်ယူလိုစိတ်နဲ့ ကံကိုမိမိရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကသာ လမ်းဖောက်နိုင်ကြောင်း ထုတ်ဖော်ပြပေးတဲ့ ဉာဏ်အလင်းရဲ့Classic era အထွတ်အထိပ်အယူအဆတစ်ခုပါပဲ။

-RAIDEN KT
Historian

#kyawthet #RAIDEN_KT #History
❤6
August 22, 2026 91