၁၉၉၂ခုနှစ်နဲ့ ၁၉၉၆ခုနှစ်ရဲ့ နှစ်ကာလတွေမှာအမေရိကန်ရဲ့ နိုင်ငံရေးလောကမှာလွှမ်းမိုးစိုးမိုးနေတဲ့ ပါတီကြီးတွေဖြစ်တဲ့ ဒီမိုကရက်တစ်နဲ့ ရီပါဘလိကန်ပါတီကြီးနှစ်ခုပါ လုံးဝတုန်လှုပ်ခဲ့တဲ့ လူတစ်ဦးရှိခဲ့တယ်။ သူက သမ္မတနေရာအတွက် ဘယ်ပါတီထဲမှာမှ ဝင်အရွေးမခံဘဲ တစ်သီးပုဂ္ဂလ အနေနဲ့ ပြိုင်ခဲ့ပြီး သမိုင်းမှာ လူထုထောက်ခံမှုအရှိဆုံး နိုင်ငံရေးသမားအဖြစ် ပါတီကြီးတွေရဲ့စံနှုန်းကို ကျော်တက်ခဲ့သူ.....သူကRoss Perotဆိုတဲ့ တက္ကဆက်သား စီူပွားရေးသမားတစ်ဦးပါပဲ။
Ross Perotဆိုတဲ့သူကနိုင်ငံရေးနယ်ပယ်တစ်ခုထဲအတွက် သူကိုထောက်ခံသူတွေကိုမစည်းရုံးခဲ့ဘဲ စီးပွားရေးဗျူဟာနဲ့ လက်တွေ့ကျကျ ဒီမိုကရက်တစ်နဲ့ ရီပါဘလိကန်ပါတီကြီးနှစ်ခုထဲက ဝါရင့်နိုင်ငံရေးသမားတွေကို ပြတ်ပြတ်သာသာယှဉ်ပြိုင်ပြနိုင်ခဲ့တာပါပဲ။ သူဟာ၁၉၉၂ခုနှစ်သမ္မတရွေးကောက်ပွဲနဲ့ ၁၉၉၆ခုနှစ်ရဲ့ သမ္မတရွေးကောက်ပွဲမှာ နှစ်ကြိမ်းဆက်တိုက်ရှုံးနိမ့်ခဲ့ပေမယ့် သူရဲ့ စီးပွားရေးမဟာဗျူဟာတွေကတော့ ဘယ်တော့မှမကျရှုံးခဲ့ပါဘူး။ လူတွေဟာ ပါတီကြီးတွေရဲ့ မျှော်လင့်မရနိုင်တဲ့ ကတိကဝတ်တွေကို ယုံကြည့်ကာ သူကိုမျက်ကွယ်ပြုပေးမယ့် နိုင်ငံရေးအသိုင်းဝိုင်းထဲက ဒီမိုကရက်တစ်နဲ့ ရီပါဘလိကန် ပါတီကြီတွေအတွက်တော့ Ross Perotက လွယ်ကူတဲ့ပြိုင်ဘက်မဟုတ်ဘဲ သူရဲ့ နိုင်ငံရေးနဲ့စီးပွားရေးဗျူဟာတွေက ထိုပါတီတွေအတွက် အမြဲတမ်းခုံလှုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အမရိကန်နိုင်ငံရေးလောကမှာ Ross Perotဆိုရင် အခုထိမသိတဲ့သူမရှိလောက်အောင် ကျော်ကြားတုံပါပဲ။
-RAIDEN KT
#RAIDEN_KT #kyawthet #History
5August 22, 2026 81