ထိုင်းနိုင်ငံအနေဖြင့် မြန်မာစစ်တပ်ကို တွေ့ဆုံဆွေးနွေးနိုင်သည့်… — Hlaing Info — TG.ME

Hlaing Infoဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရေးနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုရပ်တန့်ရေး အပါအဝင် အချက် ၅ ချက်ကို စစ်တပ်အား ဖိအားပေးရန် ထိုင်းအစိုးရကို ကန်နာဝီ တောင်းဆို စက်တင်ဘာလ ၈ ရက် မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိနေ…
ထိုင်းနိုင်ငံအနေဖြင့် မြန်မာစစ်တပ်ကို တွေ့ဆုံဆွေးနွေးနိုင်သည့် သံတမန်ရေးလမ်းကြောင်းများ ရှိနေသော်လည်း ယင်းလမ်းကြောင်းများမှတစ်ဆင့် အရပ်သားများအပေါ် ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်စေရန် ဖိအားပေးနိုင်ခြင်း မရှိပါက ထိုသို့သော ထိတွေ့ဆက်ဆံမှုသည် အပြုသဘောဆောင်သော ဆက်ဆံရေး မဟုတ်ဘဲ စစ်အုပ်စုအား နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်သကဲ့သို့ ဖြစ်လာနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။

“တိတ်ဆိတ်နေခြင်းကိုယ်တိုင်ဟာ နိုင်ငံရေးရပ်တည်ချက်တစ်ခု ဖြစ်တယ်” ဟု ကန်နာဝီက ထောက်ပြကာ ထိုင်းနိုင်ငံအနေဖြင့် ဘန်ကောက်တွင် နွေးထွေးစွာ လက်ဆွဲနှုတ်ဆက်နေစဉ် တစ်ဖက်တွင် မြန်မာနိုင်ငံမှ ဒဏ်ရာရအရပ်သားများ ထိုင်းဆေးရုံများသို့ ရောက်ရှိလာနေရသည့် အခြေအနေကို မျက်ကွယ်ပြုမထားသင့်ကြောင်း တိုက်တွန်းခဲ့သည်။

#MPA
#HlaingInfo
❤52👍11🔥1🥰1😁1
September 8, 2026 2.6K 5