ဒိုက်ဦးအကျဉ်းထောင်အတွင်း အကြမ်းဖက် ထောင်အာဏာပိုင်တွေက ဆေးဝါးအခက်အခဲဖြစ်အောင် လုပ်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေ
စက်တင်ဘာ ၇ ရက်
ပဲခူးဒေသ ၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အကြမ်းဖက် ထောင်အာဏာပိုင်တွေက ဆေးဝါးအခက်အခဲဖြစ်အောင် လုပ်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒိုက်ဦးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသူတွေအပေါ် အသက်အန္တရာယ်ခြိမ်းခြောက်နေသူ တွေက အကြမ်းဖက် ဦးစီးအရာရှိ ဒေါ်ဇင်မာကြည်အောင် ၊ အကြမ်းဖက် နှစ်ပွင့် အရာရှိ ဒေါ်စန်းနွယ်ဦး ၊ အကြမ်းဖက် တစ်ပွင့်အရာရှိ ဒေါ်သက်သက်ဇင် ၊ အကြမ်းဖက် တစ်ပွင့်အရာရှိ ဒေါ်သဇင်မြင့် ၊ အကြမ်းဖက် တစ်ပွင့်အရာရှိ ဒေါ်သန္တာစိုး ၊ အကြမ်းဖက် တစ်ပွင့်အရာရှိ ဒေါ်တင်ဇာခိုင် နဲ့ အခြားသော အကျဉ်းဦးစီးဌာန အမျိုးသမီးအဆောင်ဝန်ထမ်းတွေ ၊ တာဝန်ရှိသူတွေ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ က အသိပေးထားပါတယ်။
အဲဒီ အကြမ်းဖက် ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသူတွေကို စနစ်တကျ အဟာရ ပြတ်လပ်အောင် ပြုလုပ်တာ ၊ ကျန်းမာရေး ထိခိုက်စေရန် ဖိနှိပ်တာ နဲ့ ငွေကြေးလိမ်လည်မှုတွေနဲ့ ကိုယ်ကျိုးရှာ မသမာမှုတွေ ပြုလုပ်နေတယ်လို့လည်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ က ပြောပါတယ်။
ဒါအပြင် ဒိုက်ဦးအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသူတွေကို နိုင်ငံရေး အကျဉ်းသူတွေအား အတင်းအဓမ္မ အလုပ်ခိုင်းစေမှုတွေ ပြုလုပ်နေတာ ၊ နိုင်ငံရေးအကျဉ်းသူတွေရဲ့ စားနပ်ရိက္ခာတွေကို ဖြတ်တောက်ပြီး ရည်ရွယ်ချက်ရှိရှိ အာဟာရပြတ်လပ်အောင် ပြုလုပ်နေတာ ၊ ဆေးဝါးအခက်အခဲ ဖြစ်အောင် လုပ်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တာ ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းတွေ ပိတ်ပင်လို့ အရေပြားရောဂါ ပိုမိုဖြစ်ပွားလာတာ နဲ့ ဘောက်ချာလိမ်လည်မှု ၊ စီးပွားရှာမှု နဲ့ ငွေကြေးခေါင်းပုံဖြတ်မှုတွေကို အထောက်အထားတွေ ရှိတယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။
#PVTV
#HlaingInfo

45
8
2
1
1
1September 7, 2026 2K 4