ပြည်သူလွတ်မြောက်ရေးတပ်ဖွဲ့ - PLF အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်
စက်တင်ဘာလ ၃ ရက်
ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - PLF ရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် (၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
PLF ရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် (၂၀၂၆) ကို ဌာနချုပ်လေ့ကျင့်ရေးသင်တန်းကျောင်း မှာ သုံးလတာ ဖွင့်လှစ်သင်ကြားခဲ့တာပါ။
သင်တန်းဆင်းပွဲအခမ်းအနားကို ဗဟိုကော်မတီမှ တာဝန်ရှိသူတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော် တွေ တက်ရောက်ခဲ့ပြီး ထူးချွန်ဆုရသင်တန်းသား/သူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ပါတယ်။
အခြေခံစစ်ပညာသင်တန်းအား ဖွင့်လှစ်သင်ကြားနိုင်ရန် အဖက်ဖက်မှ ပံ့ပိုးကူညီပေးခဲ့တဲ့ မဟာမိတ်တွေနဲ့ ပြည်သူလူထုကို အထူးပင်ကျေးဇူးတင်ရှိတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - PLF ကအသိပေးထုတ်ပြန်ထားပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - PLF အနေဖြင့် ပြည်သူတရပ်လုံး လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ ဖိနှိပ်ခံပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် ခရီးဆုံးပန်းတိုင်သို့ ရောက်ရှိတဲ့ထိ မဆုတ်မနစ် ချီတက်သွားမှာဖြစ်တယ်လို့လည်း အသိပေးထုတ်ပြန် ထားပါတယ်။
#PVTV
#HlaingInfo

35
4
2
1September 3, 2026 1.5K 1 4