ဧရာဝတီမြစ်ကြောင်းနှင့် မကွေးတိုင်း တိုက်ပွဲများ၌ စစ်ကောင်စီ၏… — Hlaing Info — TG.ME

ဧရာဝတီမြစ်ကြောင်းနှင့် မကွေးတိုင်း တိုက်ပွဲများ၌ စစ်ကောင်စီ၏ ထောက်ပို့ ရေယာဉ်နှင့် ယာဉ်တန်းများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သော မှတ်တမ်း ထုတ်ပြန် (ရုပ်/သံ)

စက်တင်ဘာလ ၂ ရက်

ဧရာဝတီမြစ်ကြောင်း စစ်မျက်နှာနှင့် မကွေးတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ ထောက်ပို့ရေယာဉ်များ၊ လက်နက်နှင့် ရိက္ခာတင် မော်တော်ယာဉ်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို FPV ဒရုန်းများဖြင့် တိုက်ခိုက်ချေမှုန်းခဲ့သည့် ရုပ်သံမှတ်တမ်းအချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီသည် စစ်ကြောင်းထိုး ဝင်ရောက်ရာ နယ်မြေအသီးသီး၌ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို နည်းလမ်းပေါင်းစုံဖြင့် ဖျက်ဆီးလျက်ရှိရာ အဆိုပါ အန္တရာယ်မှ ပြည်သူများကို အကာအကွယ်ပေးနိုင်ရန်အတွက် အရင်းအမြစ် ကန့်သတ်ချက်များကြားမှ အစွမ်းကုန် ခုခံကာကွယ်လျက်ရှိကြောင်း PDF စစ်ရုံးချုပ်က ပြောဆိုထားသည်။

လက်ရှိတွင် စစ်ကောင်စီသည် စစ်မျက်နှာတိုင်း၌ အထိအခိုက်၊ အကျအဆုံး အလွန်များပြားနေပြီး ကျဆုံးသူ အများစုမှာ တရားမဝင် စုဆောင်းခံထားရသည့် ပြည်သူ့စစ်မှုထမ်း လူငယ်လူရွယ်များ ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ဆုံးရှုံးသွားသော တိုက်ခိုက်ရေး အင်အားနှင့် ပြည်သူ့စစ်မှုထမ်းများနေရာတွင် အစားထိုးရန် စစ်ကောင်စီက လူသစ်စုဆောင်းခြင်းများကို အင်တိုက်အားတိုက် ဆက်လက်လုပ်ဆောင်နေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြု ရှောင်ရှားကြရန် PDF စစ်ရုံးချုပ်က အလေးအနက် တိုက်တွန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်အာဏာရှင်စနစ် ချေမှုန်းရေးအတွက် စစ်မျက်နှာအသီးသီးတွင် အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်လျက်ရှိရာ မိဘပြည်သူများအနေဖြင့်လည်း မိမိတို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တတ်စွမ်းသရွေ့ ဝိုင်းဝန်းကူညီ ဖေးမပေးကြပါရန် မေတ္တာရပ်ခံထားသည်။

#KTM
#HlaingInfo
👍48👏23❤10😁3
September 2, 2026 3.1K 8