စစ်ကိုင်းတွင် စစ်ယာဉ်တန်းကို လုံခြုံရေးယူပေးပြီး ဆက်ကြေးကောက်နေသည့်… — Hlaing Info — TG.ME

စစ်ကိုင်းတွင် စစ်ယာဉ်တန်းကို လုံခြုံရေးယူပေးပြီး ဆက်ကြေးကောက်နေသည့် ရဲများကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦး သေဆုံး (ရုပ်/သံ)

စက်တင်ဘာလ ၄ ရက်

စစ်ကိုင်းမြို့နယ်တွင် တပ်မ ၃၃ မှ မုံရွာ နမခ သို့ သွားရောက်သည့် စစ်ယာဉ်တန်းအား လုံခြုံရေးယူပေးရင်း ပြည်သူများထံမှ ဆက်ကြေးကောက်ခံနေသည့် ရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး သေဆုံးသွားကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က သတင်း ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ကန်းရွာကျေးရွာ၊ ရေမြောင်းဘောင်ရှေ့၌ လုံခြုံရေးယူပေးရင်း လမ်းသွားလမ်းလာ ပြည်သူများထံမှ အဓမ္မ ဆက်ကြေးကောက်ခံနေသည့် စစ်တပ် လက်အောက်ခံ ရဲများကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရဲ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည့်အပြင် အများအပြား ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများက ပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး သေဆုံးသွားသည့် ရဲအလောင်းများ လာရောက်ကောက်ယူသည့် အချိန်တွင်လည်း လမ်းများကို အချိန်အတန်ကြာ ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#KTM
#HlaingInfo
❤39👍19😁2
September 4, 2026 1.6K 2