စစ်တပ်ရေကြောင်း၊လေကြောင်း၊လက်နက် ကြီးတိုက်ခိုက်မှုသတိထားဖို့၊ပြည်သူအချ… — Hlaing Info — TG.ME

စစ်တပ်ရေကြောင်း၊လေကြောင်း၊လက်နက်
ကြီးတိုက်ခိုက်မှုသတိထားဖို့၊ပြည်သူအချင်း
ချင်းသတိပေးကြဖို့ AAထပ်မံတိုက်တွန်း

■စစ်တပ်က စစ်တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်
ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်

စက်တင်ဘာလ ၄ ရက်

အာဏာသိမ်းစစ်တပ်ကလေကြောင်း၊လက်
နက်ကြီး ရေကြောင်းက တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အပြင် တိုက်ခိုက်မှုတွေ အချိန်မရွေး ဆက်လက် ပြုလုပ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အချိန်ပြည့် သ
တိရှိကြဖို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ မှာ သတိပေး တိုက်တွန်းချက် ထပ်မံ ထုတ်ပြန်ပါတယ်။

ဩဂုတ်အတွင်းစစ်တပ်ကအရပ်သားပြည်သူနေထိုင်ရာတွေကိုပစ်မှတ်ထားတဲ့ လေ
ကြောင်း၊ရေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်
နီးပါး ပြုလုပ်ခဲ့သလိုစက်တင်ဘာမှာလည်း လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်၊ နေ
ရာများစွာကနေ လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်လာတဲ့အပေါ် AAကစက်
တင်ဘာ ၄ရက်မှာ သတိပေးချက်ထပ်မံထုတ်ပြန်ခဲ့တာပါ။

စက်တင်ဘာ ၃ရက်က အာရက္ခဒေသရှိ သံတွဲခရိုင်၊ ဂွမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များ၊ ကျိန္တလီမြို့အတွင်းရှိ ပုန်းညှက်ကမ်းခြေနဲ့ စေတီကွင်းကမ်းခြေအကြားအပါအဝင် ဂွ၊ ကျိန္တလီ ကမ်းခြေတလျှောက်အား ပင်လယ်ရီကြောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောတွေက လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

အလားတူ စက်တင်ဘာ ၃ ရက်မှာပဲ အာရက္ခဒေသ ပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင် မြို့ (၃) မြို့ စပ်ကြား ပတ်ဝန်းကျင်ရှိ ရပ်ရွာများဖြစ်တဲ့ကွမ်းတောင်ရွာ၊ကုန်းတန်းကြိမ်ချောင်းရွာ၊ မက္ကလာကျရွာ၊ ညိုရောင်ရွာ၊ မင်းလှရွာနဲ့ မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာ၊ ညောင်ပင်ကြီး (မူဆလင်ရွာ) ၊ညောင်ပင်ကြီး (ရက္ခိုင်ရွာ)တွေကို စစ်ကောင်စီက တိုက်လေယာဉ် ၄စီးနဲ့ လှည့်ပတ်ဗုံးကြဲခဲ့ကြောင်း ဖော်ပြပါတယ်။

အဲဒီလိုတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးရှိ၊
မရှိ အခြေအနေတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။စက်တင်ဘာ ၄ရက်မှာလည်း စစ်တွေမြို့ရှိ စစ်တပ်ရဲ့လက်နက်
ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊သံချပ်
ကာတင့်ကား၂ စီးနဲ့ စစ်တွေမြို့နားပင်လယ်
ပြင်တွင်ကျောက်ချရပ်နားထားတဲ့ စစ်
သင်္ဘောအချို့ပေါ်မှ ပုဏ္ဏားကျွန်း-စစ်တွေ
-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာများ အတွင်း လက်နက်ကြီးများ တိုက်ခိုက်ခဲ့တယ်လို့ အ
သိပေးပါတယ်။ ဒါ့အပြင် ဂွကမ်းခြေနဲ့ ငပလီ
ကမ်းခြေကိုလည်းစစ်တပ်က လက်နက်ကြီး
တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့အသိပေးပါတယ်။

အခုရက်တွေမှာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားနေပုံတွေကိုသုံးသပ်ချက်အရလေကြောင်း၊ရေ
ကြောင်း၊လက်နက်ကြီးတွေအချိန်မရွေးဆက်
လက်ပစ်ခတ်နိုင်တာကြောင့်ကမ်းခြေ၊ချောင်း
ကမ်းနံဘေးအပါအဝင်မြို့၊ ရွာ အသီးသီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အထူးသ
တိထားဖို့ လေကြောင်းအချက်ပြမှုတွေ သတိ
ထားစောင့်ကြည့်ဖို့ နိုးနိုးကြားကြားနဲ့ အချင်း
ချင်း သတိပေးကြဖို့ AAက တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သံတွဲ၊ ဂွအပါအဝင် အာရက္ခဒေသ မြို့နယ်တွေကို ဇူလိုင်၊ ဩဂုတ်
လအတွင်း လေကြောင်း တိုက်ခိုက်မှုအပြင်း
အထန် ပြုလုပ်ခဲ့ရာ ကလေးငယ်တွေအပါ
အဝင်အရပ်သားပြည်သူအစုလိုက် အပြုံ
လိုက်သေဆုံးထိခိုက်ခဲ့ရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ပေါ်ပေါက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး
(HDCO)က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သြဂုတ်လအတွင်းရခိုင်နဲ့ ချင်းပြည်
နယ် ပလက်၀တို့မှာ စစ်တပ်ကလေကြောင်းကဗုံးကြဲမှုကြောင့် ပြည်သူအနည်းဆုံး ၂၄ ဦးသေဆုံးပြီး ကလေးငယ်တွေအပါအဝင်ပြည်
သူအနည်းဆုံး ၄၃ ဦးဒဏ်ရာရခဲ့တယ်လို့ HDCO ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရသိရပါတယ် ။

(စစ်တပ်ကအာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်မှာ လက်နက်ကြီးပစ်ခတ်လေ့ကျင့်နေစဥ်။
ဓါတ်ပုံ-စစ်ကောင်စီ)
#LNO
#HlaingInfo
👍15❤2🔥2
September 4, 2026 826 2