ဆိုတော့ ကိုယ့်ကိုယ်ကိုယ် Healing Habit ရအောင်ရော စာကို… — HYPEN Organization — TG.ME

ဆိုတော့ ကိုယ့်ကိုယ်ကိုယ် Healing Habit ရအောင်ရော စာကို ဘယ်လိုဖတ်ကြမလဲ

(၁) သေးငယ်တဲ့ အရာလေးတွေကနေ စာပေဖတ်ရှုခြင်းကို စတင်ပါ 📖
Hypers🎓 လေးတို့အနေနဲ့ စာကိုအခုမှ ဖတ်မယ်ဆိုရင် စာအုပ်အထူကြီးတွေထက် ကိုယ်တကယ် စိတ်ဝင်စားမဲ့ ခေါင်းစဉ်၊ ဝတ္ထုတိုနဲ့ ကဗျာလေးတွေကနေ စပြီး ဖတ်သွားတာက ဝတ္တရားတစ်ခုလို မမြင်စေဘဲ ပျော်ရွှင်စရာ အလေ့အထတစ်ခုအဖြစ် ခံစားရစေတာကြောင့် နောက်ပိုင်းမှာ ပိုပြီး စာဖတ်ချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။

(၂) Daily Habit အဖြစ် အချိန်သီးသန့် ဖယ်ထားပါ 🕰
တိတ်ဆိတ်တဲ့ နေရာလေးတစ်ခု ရွေးချယ်ပြီး တစ်နေ့ကို ၁၅ မိနစ်ကနေ မိနစ် ၃၀ ခန့် စာဖတ်တာမျိုး၊ ညမအိပ်ခင် ဒါမှမဟုတ် မနက်ခင်း စိတ်ကြည်လင်နေတုန်းမှာ အချိန်သီးသန့်ပေး ဖတ်ရှုခြင်းက စိတ်ဖိစီးမှုတွေကို လျော့ကျစေတဲ့အပြင် စိတ်ကို ပြန်လည်တည်ငြိမ်စေနိုင်ပါတယ်။

(၃) စာဖတ်ရင်း မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပါ 🧘🏻‍♀️
စာဖတ်တဲ့အခါ ဖတ်ပြီးပြီးရော ဆိုတာထက် ဇာတ်ကောင်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်သုံးသပ်ရင်း ဖတ်ကြည့်တာက ကိုယ်တိုင်တောင် သတိမမူမိခဲ့တဲ့ အားသာချက်နဲ့ အားနည်းချက်တွေကိုပြန်လည်တွေ့ရှိနိုင်လာတဲ့ ကောင်းကွက်တစ်ခုပါ။

ဒါကြောင့် စာဖတ်ခြင်းဆိုတာ စိတ်ကို နက်နက်ရှိုင်းရှိုင်း ကုစားပေးနိုင်တဲ့ Healing Habit တစ်ခုဖြစ်ပြီး စာပေဆိုတာက Hypers🎓 လေးတို့ရဲ့ ငိုရှိုက်သံတွေ၊ ပျော်ရွှင်မှုတွေနဲ့ ဒဏ်ရာတွေကို ငြိမ်သက်စွာ နားထောင်ပေးတတ်တဲ့ မိတ်ဆွေကောင်းဆိုလဲ မမှားပါဘူး 🕊️

စာပေနဲ့ ပတ်သက်ပြီးတော့ ဆရာကြီး George R. R. Martin ပြောခဲ့သလိုပါပဲ….

“A reader lives a thousand lives before he dies. The man who never reads lives only one.”
(စာဖတ်သူတစ်ဦးဟာ မသေဆုံးခင် ဘဝပေါင်းများစွာကို ရှင်သန်တွေ့ကြုံရပေမဲ့ စာမဖတ်သူကတော့ ဘဝတစ်ခုတည်းကိုပဲ ရှင်သန်သွားရပါတယ်တဲ့) 🌻

အဲဒီလို စာပေကပေးတဲ့ ဘဝအတွေ့အကြုံပေါင်း များစွာနဲ့အတူ စိတ်ဓာတ်ခွန်အားတွေအတွက် စာအုပ်ကောင်းတစ်အုပ်ကို ဖွင့်ဖတ်ပြီး စာပေရဲ့စွမ်းအားနဲ့ ကိုယ်တိုင် လက်တွေ့ကုစားကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ 📝💛

Hypers🎓 လေးတို့ရော စိတ်ပန်းနေချိန်၊ အထီးကျန်နေချိန်တွေမှာ ဘယ်လို စာအုပ်မျိုးတွေကို ဖတ်ပြီး Healing ယူလေ့ရှိကြလဲ၊ ကိုယ်အနှစ်သက်ဆုံး ဒါမှမဟုတ် အကြံပြုချင်တဲ့ စာအုပ်လေးတွေ ရှိရင် Comment မှာ မျှဝေပေးခဲ့ကြပါအုံး 👇

📍အခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ Knowledge Sharing တွေကို အမြဲတမ်း မျှဝေပေးသွားမှာမို့ Hypen ရဲ့ Social Platform တွေကိုလဲ Like and Follow လုပ်ဖို့ မမေ့ပါနဲ့အုံးနော်။

📚 𝗛𝘆𝗽𝗲𝗻 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

📚 𝗛𝘆𝗽𝗲𝗻 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗵𝗮𝗻𝗻𝗲𝗹
https://t.me/hypenedu


📚 𝗛𝘆𝗽𝗲𝗻 𝗧𝗶𝗸𝘁𝗼𝗸 𝗣𝗮𝗴𝗲
https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz

#ContentwriterbyMyatandApril
#GraphicDesignbyDoraandKcube
#Hypen_Org
#TheHealingPowerofLiterature
Facebook
Hypen Organization
Hypen Organization. 22,833 likes · 161 talking about this. Nonprofit organization
❤1💘1
September 3, 2026 139