၃၀.၈.၂၀၂၆ ရက်နေ့၊ ၁၈ ၅၀ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၁) ရပ်ကွက်၊ ဇွဲရေလွှဲဆည်တွင် ကျား(၅)ဦး ရေဆင်းကူရာမှ ကျား(၁)ဦးရေနစ်နေကြောင်း သတင်းရရှိသဖြင့် တောင်တွင်းကြီးမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ကျား(၅)ဦး အနက် ကျား(၁)ဦး (ေ-သဆုံး)အား စိတ္တသုခလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။















