ထိုင်းမိုးလေဝသဌာန (TMD) ၏ မြေပြင်မိုးလေဝသ Weather Chart / Satellite Image နှင့် Meteoblue (ICON Model) မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့ ထုတ်ပြန်သော နေ့စဉ်မိုးရေချိန်ပြမြေပုံများအရ ဩဂုတ်လ ၂၃ ရက်မှ ၂၉ ရက်နေ့အထိ (၇ ရက်အတွင်း) ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ခရိုင်/မြို့နယ်များအလိုက် နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန် ဇယား၊ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ် သုံးသပ်ချက် ဖြစ်ပါသည်။
(ဩဂုတ်လ ၂၃ ရက် နေ့လည် ၁၂၀၀ နာရီ update)
======
မုန်တိုင်းများ ဖြစ်ပေါ်ရွေ့လျားမှုနှင့် မုတ်သုံလေ အခြေအနေ ဆန်းစစ်ချက်
📌အပူပိုင်းမုန်တိုင်း NARRA - TMD Weather Chart နှင့် Satellite ပုံများအရ တုံကင်ပင်လယ်ကွေ့အတွင်း ရောက်ရှိနေသော အပူပိုင်းမုန်တိုင်း TS NARRA သည် ကုန်းတွင်းပိုင်း (ဗီယက်နမ်/လာအို) သို့ ဝင်ရောက်၍ မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံ အရှေ့မြောက်ဘက်မှ အလယ်ပိုင်း/မြောက်ပိုင်းသို့ အနောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဖြစ်သည်။
📌တိုင်ဖွန်းမုန်တိုင်း SAUDEL - ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာအတွင်း ဖြစ်ပေါ်နေသည့် Super Typhoon SAUDEL သည် အနောက်-အနောက်မြောက်ဘက် ဦးတည်ကာ မြောက်ဘက်သို့ တက်သွားမည်ဖြစ်၍ မြန်မာနိုင်ငံသို့ တိုက်ရိုက်သက်ရောက်မှု မရှိပါ။
📌အနောက်တောင်မုတ်သုံလေ အခြေအနေ - မုန်တိုင်း NARRA အပူပိုင်းမုန်တိုင်အဖြစ်အားကောင်းလာမှုကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် မုတ္တမကွေ့အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေဆဲ ဖြစ်သည်။ ဩဂုတ် ၂၇ ရက်နောက်ပိုင်း မုန်တိုင်းအကြွင်းအကျန် ဘင်္ဂလားပင်လယ်အော်သို့ ထွက်ခွာချိန်တွင် မုတ်သုံလေ အရှိန် ပိုမိုမြင့်တက်လာမည်ဖြစ်သည်။
=============
ရန်ကုန်တိုင်းအတွင်း နေ့စဉ် မိုးရေချိန်နှင့် မိုးလေဝသအခြေအနေ သုံးသပ်ချက်
📌ဩဂုတ် ၂၄ - ၂၅ ရက် (မိုးအပြင်းဆုံး ကာလ) - မုန်တိုင်းငယ် NARRA မုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်းစနစ် မြန်မာနိုင်ငံအတွင်း ဖြတ်သန်းချိန်နှင့် မုတ်သုံလေ အားကောင်းမှု ပေါင်းစပ်သဖြင့် ဩဂုတ် ၂၄ နှင့် ၂၅ ရက်နေ့ မြေပုံများတွင် ရန်ကုန်တိုင်းဒေသကြီးတစ်ဝန်း အစိမ်းရင့်ရောင်မှ အပြာရောင်ပြ မိုးကြီးမည့်ဇုန် ၂၀ mm မှ ၄၅ mm အထိ ရုတ်တရက် မြင့်တက်လာနိုင်မည်ဖြစ်သည်။
📌ဩဂုတ် ၂၆ - ၂၉ ရက် - မိုးရွာသွန်းမှု ပုံမှန်အဆင့်သို့ ပြန်လည်လျော့ကျသွားမည်ဖြစ်သော်လည်း မုတ်သုံလေ အရှိန်ကြောင့် မိုးအတန်အသင့် မှန်မှန် ဆက်လက် ရွာသွန်းနေမည်။
ရန်ကုန်တိုင်းအတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးချက်
⚠️ ကမ်းရိုးတန်းနှင့် ပင်လယ်ဝအနီး မြို့နယ်များ (ကျောက်တန်း၊ သုံးခွ၊ ကွမ်းခြံကုန်း) - မုတ္တမကွေ့မှ တိုးဝင်လာမည့် မိုးတိမ်ထုနှင့် ပင်လယ်ဒီရေတက်ချိန် တိုက်ဆိုင်ပါက မြစ်ဝ/ချောင်းဝအနီး ကျေးရွာများနှင့် မြေနိမ့်ပိုင်း စိုက်ပျိုးမြေများအတွင်း ဒီရေ/မိုးရေ လျှံတက်ခြင်း ဖြစ်ပွားနိုင်သည်။
⚠️ မြို့တွင်းနှင့် အရှေ့ပိုင်း မြို့နယ်များ - ဩဂုတ် ၂၄ မှ ၂၅ ရက်အတွင်း မိုးသည်းထန်စွာ ခေတ္တမျှရွာသွန်းပါက မြို့ပြရေနုတ်မြောင်းများ မနိုင်ဘဲ လမ်းမကြီးများပေါ် ရေဝပ်ခြင်း (FLASH WATERLOGGING) ၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းနှင့် လျှပ်စစ်အန္တရာယ် တို့ကို သတိပြုကြရန် အသိပေးအပ်ပါသည်။
======
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသခွဲများအလိုက် မိုးလေဝသအခြေအနေ သုံးသပ်ချက်
⚠️ တောင်ပိုင်း/အနောက်ပိုင်း ကမ်းရိုးတန်း (ငပုတော၊ လပွတ္တာ၊ ပုသိမ်) - ပင်လယ်ပြင်မှ တိုက်ရိုက် မုတ်သုံလေ စီးဝင်မှုနှင့် ဩဂုတ် ၂၇ ရက် မုတ်သုံလေ အရှိန်ပြန့်လာမှုကြောင့် ရာသီဥတု မတည်ငြိမ်ဘဲ ၁၆၈ နာရီ (၇ ရက်အတွင်း) မိုးရေချိန် ၁၉၀ mm မှ ၃၅၅ mm အထိ တိုင်းအတွင်း မိုးရေချိန်အများဆုံး ရရှိသည့်ဒေသဖြစ်နိုင်ကာ ပင်လယ်ပြင် လှိုင်းကြီးခြင်း၊ ဒီရေတက်ချိန် မိုးကြီး၍ ချောင်းရေ ရုတ်တရက် တက်ခြင်းများ ဖြစ်ပေါ်နိုင်ပါမည်။
⚠️⚠️ အလယ်ပိုင်း လွင်ပြင်ဒေသ (အထူးသဖြင့် ငဝန်မြစ် တာကျိုး၍ ရေကြီးနေသော လေးမျက်နှာ ဒေသအခြေအနေ) - လေးမျက်နှာနှင့် အနီးဝန်းကျင်တွင် ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် ၁၀၈ mm မှ ၂၀၈ mm ခန့် ဆက်လက် ရွာသွန်းနိုင်မည်ဖြစ်ပြီး၊ စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် လေပွေလှိုင်းကြောင့် မိုးစွဲရွာပြီး အထက်မြစ်ရေဆင်းလှိုင်းများ ဆက်လက် စီးဝင်နေဦးမည်ဖြစ်ရာ ငဝန်မြစ်နှင့် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေနိုင်သဖြင့် ရေကြီးသောဒေသများတွင် ရေကျဆင်းမှု အလွန်နှေးကွေးမည် ဖြစ်သည်။
⚠️ အရှေ့ပိုင်း ဧရာဝတီမြစ်ဝှမ်းနှင့် မြောက်ပိုင်း မိုးကွယ်ဒေသများ - မြစ်ဝကျွန်းပေါ် အရှေ့ပိုင်းတွင် မိုးအတန်အသင့်မှ မိုးများပြီး ပင်လယ်ဒီရေ ရိုက်ခတ်မှုကြောင့် မြေနိမ့်ပိုင်း စိုက်ပျိုးမြေများ ရေဝပ်နိုင်ကာ၊ မြောက်ပိုင်း ရခိုင်ရိုးမတောင်ခြေဒေသများတွင် တောင်ကျရေ စီးဆင်းမှုများကို ကြိုတင် သတိပြုရပါမည်။
=====
📌ဇယားပုံတွင်ကြည့်ရန်
=======
ရန်ကုန်တိုင်းဒေသကြီး ခရိုင်/မြို့နယ်များအလိုက် နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm)
ဧရာဝတီတိုင်းဒေသကြီး ဒေသခွဲ/မြို့နယ်များအလိုက် နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm)
(မှတ်ချက်။ ၇ ရက် စုစုပေါင်း မိုးရေချိန် အများဆုံး ရရှိနိုင်သည့် ဒေသမှ အနည်းဆုံး ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်)



