⚫️ ဇီးရိုးမိုင်ဂိတ်၌ မှတ်ပုံတင်စစ်ပြီး လူငယ်တဦးကို ဖမ်းသွား
ယနေ့ ဩဂုတ်လ ၂၁ ရက် မနက် ၈ နာရီခန့်တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်၌ ခရီးသည်တင်ယာဉ်ပေါ်မှ လူငယ် ၁ ဦးကို အကြမ်းဖက်ရဲများ လက်ထိပ်ခတ် ဖမ်းဆီးသွားကြကြောင်း CJ Platform မှ သိရှိရသည်။ မှတ်ပုံတင်စစ်ပြီး ဖမ်းသွားခြင်းဖြစ်သည်။ လူငယ်မှာ အသက် ၂၁ နှစ်အရွယ်ခန့်ဖြစ်သည်။
Source: CJ Platform
21 Aug 2026
#RangoonScoutNetwork
Forwarded fromRSN WEB
August 21, 2026 100