The Second Child (2026) ******************** IMDb Rating (6.5) The… — Bioscope Main Channel — TG.ME

The Second Child (2026)

********************

IMDb Rating (6.5)

The Atypical Family ထဲက Park So-Yi နဲ့ The Kidnapping Day ထဲက Yuna စတဲ့ ကလေးသရုပ်ဆောင်နှစ်ဦးရဲ့ ထိမိတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ဇာတ်ကားအစအဆုံး ဆွဲခေါ်သွားမဲ့ Mystery, Thriller ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

ဒါ့အပြင် I Am Sorry, I Love You နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Lim Soo-Jung က ကိုယ်တိုင်ကိုယ်ကျ ဇာတ်ကားထုတ်လုပ်ရေးပိုင်းမှာ ပါဝင်ထားပြီး ညီအစ်မနှစ်ယောက်ရဲ့ အမေအဖြစ်လည်း အားဖြည့်ထားပေးပါတယ်။

- ဇာတ်လမ်းအကျဉ်း -

သေကြောင်းကြံဖို့ ကြိုးစားတဲ့ အစ်မဖြစ်သူ ဆူရွန်း (Yuna) ကို တားဆီးဖို့ ကြိုးစားရင်း အိမ်ခေါင်မိုးပေါ်ကနေ ပြုတ်ကျပြီး ကိုမာဝင်သွားတဲ့ ဆူအန်း (Park So-Yi)...

၃ နှစ်ကြာပြီးနောက် သတိပြန်ရလာတဲ့အခါမှာတော့ သူနဲ့အတူ ပြုတ်ကျခဲ့တဲ့ အစ်မဖြစ်သူ ဆူရွန်းက ဒီလောကကြီးထဲမှာ မရှိတော့ကြောင်း သိလိုက်ရပြီး မိခင်ဖြစ်သူ ဂွန်းအို့ (Lim Soo-Jung) ကလည်း အရင်ကနဲ့ မတူတော့ဘဲ တစ်ခုခုကို ဖုံးကွယ်ထားသလို အမြဲ စိုးရိမ်ပူပန်နေပုံပေါ်နေခဲ့ပါတယ်။

တစ်နေ့ အစ်မဖြစ်သူနဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ ဂျယ်အင်း (Yuna) ဆိုသူက ဆူအန်းရဲ့ ရှေ့မှောက်မှာ ပေါ်လာခဲ့ပြီး အဲဒီအချိန်မှာ ဆူအန်း ပြေးတွေးမိသွားတာကတော့...

"ငါလည်း နင်တို့လို နေချင်တယ်.. နင်တို့က ခန္ဓာကိုယ် ၂ ခု ရှိတော့ ငါ့ကို ၁ ခု ပေး.. ငါနဲ့ လဲကြမယ်" ဆိုတဲ့ အစ်မဖြစ်သူ ဖတ်ပြနေကျ 'အရိပ်ကြီးနဲ့ ကလေးနှစ်ယောက်' ပုံပြင်ထဲက စာသားလေးတွေပေါ့။

အစ်မဖြစ်သူရဲ့ သေကြောင်းကြံမှု၊ မိခင်ဖြစ်သူရဲ့ ထူးဆန်းနေတဲ့ အမူအရာတွေ၊ ရုပ်ချင်းဆင်တူတဲ့ ကောင်မလေး ပေါ်ထွက်လာမှု...

ဒီ ဆက်တိုက် ဖြစ်ပျက်လာနေတဲ့ ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေက အရိပ်ကြီးပုံပြင်နဲ့ ဘယ်လို သွားဆက်စပ်နေမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက် အဖြေရှာကြည့်လိုက်ကြပါဦးနော်။
ကြည့်ရန်👉 https://t.me/bckoreachannel/12031
👍1
September 6, 2026 3.7K 5