ပိုးမမှီသာပါဝင်ထားတဲ့ဇာတ်ကားသစ် Gohan (2026) မြန်မာပရိသတ်အချစ်တော်… — Bioscope Main Channel — TG.ME

ပိုးမမှီသာပါဝင်ထားတဲ့ဇာတ်ကားသစ်

Gohan (2026)

မြန်မာပရိသတ်အချစ်တော် မင်းသမီးချောလေး ပိုးမမှီသာ ပါဝင်ထားတဲ့ ထိုင်းဇာတ်ကားသစ်လေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီနော်

"ခွေးလေးတွေဆိုတာ ကျွန်တော်တိုဘဝရဲ့ အစိတ်အပိုင်းလေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့... သူတိုဘဝတစ်ခုလုံးကတော့ ကျွန်တော်တိုပါပဲ"

Pet Lover တွေ၊ အထူးသဖြင့် ခွေးလေးတွေချစ်တတ်တဲ့ ပရိသတ်ကြီးအတွက် ရင်ထဲကိုနွေးထွေးသွားစေမယ့်အပြင် မျက်ရည်ပါလည်စေမယ့် Drama ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။

ဇာတ်လမ်းအကြောင်းအရာလေးကတော့ "ဂိုဟန်" လို အမည်ရတဲ့ လမ်းဘေးခွေးလေးတစ်ကောင်ရဲ့ ဘဝခရီးလမ်းကို ဆယ်စုနှစ်တစ်ခုစာ အချိန်ယူပြီး ရိုက်ကူးတင်ဆက်ထားတာပါ။

ဂိုဟန်လေးဟာ ဆယ်နှစ်တာကာလအတွင်းမှာ ယာယီပိုင်ရှင်ပေါင်းများစွာရဲ့ လက်လွှဲမွေးမြူခြင်းကို ခံခဲ့ရပါတယ်။ ပိုင်ရှင်တစ်ယောက်ချင်းစီမှာ မတူညီတဲ့ ဘဝဇာတ်ကြောင်းတွေ၊ အခက်အခဲတွေ၊ ပျော်ရွှင်မှုတွေ ရှိကြပြီး ဂိုဟန်လေးက သူတိုရဲ့ အကောင်းအဆိုး အချိုးအကွေ့တွေကြားမှာ အဖော်မွန်ကောင်းအဖြစ် ဘယ်လိုပါဝင်ပတ်သက်ခဲ့သလဲ...
ကြည့်ရန် 👉 https://t.me/bcthaimovie/3428
September 7, 2026 3.8K 3