ဒါရိုက်တာ Lauren Caster ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ရိုက်ကူးပြီး… — Bioscope Main Channel — TG.ME

ဒါရိုက်တာ Lauren Caster ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ရိုက်ကူးပြီး အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့

အမေရိကန် Coming-of-Age Comedy-Drama ရုပ်ရှင်လေး ဖြစ်ပါတယ်။ Lauren Caster ရဲ့ တကယ့်ဘဝအတွေ့အကြုံအမှန်ပေါ် အခြေခံပြီး ရိုက်ကူးထားတာပါ။

ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ရို (Ro) ဟာ အသက် ၃၀ နား ကပ်လာပေမယ့် အကပညာရှင်ဘဝမှာ

အောင်မြင်မှုမရဘဲ အလုပ်ကရော အချစ်ရေးမှာပါ အဆင်မပြေဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူ့ကို လိင်တူချစ်သူ အမေဖြစ်သူ ဆူဇန် (Susan) ကပဲ ဖခင်မပါဘဲ (မျိုးစေ့လှူဒါန်းမှုကနေတစ်ဆင့်) တစ်ယောက်တည်း ကြီးပြင်းအောင် စောင့်ရှောက်ခဲ့တာပါ။

ဒါပေမဲ့ ရိုဟာ သူ့မူလဇစ်မြစ်ကို သိချင်တာကြောင့် အမေဖြစ်သူကို လျှို့ဝှက်ပြီး ဖခင်အရင်း ဂရက်ဂိုရီ (Gregory) ကို လိုက်ရှာရာကနေ ကယ်လီဖိုးနီးယားကို ပြန်လာခဲ့ပါတယ်။
အိမ်ပြန်ရောက်ချိန်မှာ

ရိုဟာ သက်ကြီးရွယ်အိုများအနားယူရာဂေဟာတစ်ခုမှာ နွေရာသီ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ အဲဒီမှာပဲ အသက် ၈၀ အရွယ် တက်ကြွလန်းဆန်းတဲ့ အဘိုးအဘွားတွေနဲ့ မထင်မှတ်ဘဲ ခင်မင်ရင်းနှီးသွားပြီး၊ သူတို့အတွက်

ကြည့်ရန်👉 https://t.me/bcenglishchannel2/2638
September 7, 2026 3.6K