ရန်သူ့နယ်မြေအတွင်းက မြောင်းတစ်ခုထဲမှာ တင့်ကားစက်ချို့ယွင်းပြီး ပိတ်မိသွားတဲ့အခါမှာတော့
Landship (2026)
IMDB: 5.2/10
၁၉၁၇ ပထမကမ္ဘာစစ်အတွင်းက အနောက်ဘက်စစ်မျက်နှာပြင် (Passchendaele တိုက်ပွဲ) မှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ချို့ကို အခြေခံထားတာပါ။ ဗြိတိသျှတပ်မတော် အရာရှိဗိုလ်ကြီး ရစ်ချတ်ဆင်ဦးဆောင်တဲ့ စစ်သည်ကိုးဦးပါတင့်ကားအဖွဲ့ကဖရေးဘန်တိုစ်လို့နာမည်ပေးထားတဲ့ MKIV တင့်ကားနဲ့ ရန်သူ့ဘန်ကာတွေကိုဖျက်ဆီးဖို့မစ်ရှင်နဲ့ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ရန်သူ့နယ်မြေအတွင်းက မြောင်းတစ်ခုထဲမှာ တင့်ကားစက်ချို့ယွင်းပြီး ပိတ်မိသွားတဲ့အခါမှာတော့ စစ်မြေပြင်ကျယ်ကြီးထဲက တင့်ကားကျဉ်းကျဉ်းလေးရဲ့အမှောင်ထုအတွင်း အစားအသောက်အကန့်အသတ်၊ အဆိပ်ငွေ့အန္တရာယ်၊ ပြင်ပက ရန်သူ့တိုက်ခိုက်မှုတွေနဲ့စစ်ကူကိုစောင့်ဆိုင်းရင်း အတွင်းက ရဲဘော်တွေကြားမှာ သဘောထားကွဲလွဲမှုတွေ ပုန်ကန်လိုစိတ်တွေစပြီးဖြစ်ပေါ်လာပါတော့တယ်။
Link👉 https://t.me/bcenglishchannel2/2593
