🎬 Justice High (2020)
====================
"တရားမျှတမှုမရှိတဲ့ ခွန်အားဟာ အကြမ်းဖက်မှုသက်သက်ဖြစ်ပြီး၊ ခွန်အားမရှိတဲ့ တရားမျှတမှုကတော့ အရည်အချင်းညံ့ဖျင်းမှုပဲ ဖြစ်တယ်"
ဇာတ်လမ်းကတော့ ကရာတေး (Kyokushin Karate) သိုင်းရုံပိုင်ရှင်ရဲ့ သမီးဖြစ်ပြီး တရားမျှတမှုကို မြတ်နိုးတဲ့ ကောင်မလေး ချယ်ယောင်း၊ အမြဲတမ်း အနိုင်ကျင့်ခံနေရပေမဲ့ မိခင်ဖြစ်သူအတွက် ကြံ့ကြံ့ခံနေတဲ့ ကောင်လေး ဂျုံဂူ နဲ့ အရင်က လူဆိုးဂိုဏ်းမှာပါခဲ့ပေမဲ့ အခုတော့ ဘဝသစ်စဖို့ ကြိုးစားနေတဲ့ ဟယ်ဆောင်း တို့ သုံးယောက်အကြောင်းကို အဓိကထား ရိုက်ကူးထားတာပါ။
ဂျုံဂူတစ်ယောက် သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့ ချယ်ယောင်းဆီမှာ ကရာတေး လာသင်ရာကနေ သူတို့သုံးယောက် ပေါင်းမိသွားကြပြီး ကျောင်းတွင်း အနိုင်ကျင့်ဗိုလ်ကျမှုတွေကို ကရာတေးပညာနဲ့ ဘယ်လို အကြိတ်အနယ် ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို ကြည့်ရှုရမှာပါ။ အက်ရှင်ခန်း မိုက်မိုက်တွေနဲ့ လူငယ်တွေရဲ့ ခင်မင်မှုကို မြင်တွေ့ရမှာမို့ Action ဇာတ်ကားကြိုက်တဲ့ ပရိသတ်တွေအတွက် အထူးသင့်လျော်တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ✨ ကြည့်ရန် https://t.me/bckoreachannel/11951




