Bioscope Main Channel: post #17313 — TG.ME

Food Truck: Stolen Love... and Moo Deng (2025)

မာမြောင် အဖြစ် Mario Maurer
ဂျတ် အဖြစ် Jack Chaleumpol
ဘော့ဘီ အဖြစ် Jazz ChuanChuen
ဆာရန်း အဖြစ် Chun Pachchun

အရင်က Sound Technician တစ်ယောက်ဖြစ်ပြီး အခုတော့ ASMR Influencer အဖြစ် အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းနေတဲ့ မာမြောင်

တစ်ယောက်တည်းနေရတာကို နှစ်သက်တဲ့ သူ့ဘဝထဲကို မမျှော်လင့်ထားတဲ့ မုန်တိုင်းတစ်ခု ဝင်ရောက်လာပါတယ် အဲဒါကတော့ သူ့ရဲ့အတိတ်က အချစ်ဟောင်းတစ်ယောက်ရဲ့သားလေး ဆာရန်း

အမေဖြစ်သူရဲ့လျစ်လျူရှုမှုကို ခံနေရတဲ့ ကိုရီးယားကောင်လေး ဆာရန်းက အိမ်ကနေ ထွက်ပြေးပြီး အစားသောက်ကားတစ်စီးပေါ်ကို ခိုးတက်သွားရာကနေ အကုန်လုံး ရှုပ်ထွေးကုန်ပါတော့တယ်

ဒီကားကို မောင်းနှင်နေသူကတော့ ဆတ်ဆတ်ထိမခံတဲ့ဂျတ်ရယ် လမ်းမှာမှ ခရီးဖော်အဖြစ် ပါဝင်လာတဲ့ အနုပညာဒါရိုက်တာ ဘော့ဘီတို့နဲ့အတူ အဖွဲ့သားတွေ စုံသွားပါတော့တယ် အဆုံးဆုံးကတော့ နာမည်ကြီးရေမြင်းလေးမူဒန်ကပါ သူတို့ကားပေါ်မှာ ပါဝင်လာတဲ့အခါ...

မာမြောင်တစ်ယောက် ဘယ်လိုတွေခေါင်းကိုက်ပြီး ဒီခရီးစဉ်ကို အဆုံးသတ်မလဲဆိုတာကတော့ Ash Channel မှာ ကိုယ်တိုင်ပဲ ရယ်မောပျော်ရွှင်စွာနဲ့ကြည့်ရှုခံစားနိုင်ပါပြီရှင်

Crd to Ash

ကြည့်ရန်👉 https://t.me/bcthaimovie/3394