ရတနာဂြိုလ်ကြီး (၂၀၀၂) ကလေးဘဝအိပ်ရာဝင်ပုံပြင်တွေ၊… — Hana: Anime & Cartoons — TG.ME

ရတနာဂြိုလ်ကြီး (၂၀၀၂)

ကလေးဘဝအိပ်ရာဝင်ပုံပြင်တွေ၊ အာကာသစွန့်စားခန်းတွေ၊ ဒရာမာမျိုးကို ခုံမင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ် ချာတိတ်ကလေး ဂျင်မ် ဟော့ကင်းန်စ် ဟာ ငယ်ငယ်တည်းက အာကာသခရီးသွားတစ်ယောက်ဖြစ်ချင်သူဖြစ်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံဖန်ခြင်းကို ခံစားလေ့ရှိသူဖြစ်သည်။ သို့ပေမဲ့ ချာတိတ်ကလေးယာဉ်စည်းကမ်းတွေကို တမင်မဟုတ်ပေမဲ့ မကြာခဏကျူးလွန်လေ့ရှိတာကြောင့် အမြဲတမ်း ပီကယ်တွေနဲ့ ငြိနေတတ်ပြီး မိသားစုစားဝတ်နေရေးအတွက် ပင်ပန်းသည့် မိခင်ကို ဒုက္ခပေးနေမိသူဖြစ်သည်။ မိမိကိုယ်ကိုယ် အားမလိုအားမရဖြစ်နေသည့်အချိန်မှာပဲ တစ်နေ့ မမျှော်လင့်ပဲ သူအမြဲသွားချင်နေတဲ့ အာကာသဟင်းလင်ပြင်ကြီးထဲကို ရွက်လွှင့်ဖို့အခွင့်အရေးရလာပါတော့သည်။ ဘာတွေဖြစ်မယ်၊ ဘယ်လိုစွန့်စားခန်းတွေ ဖွင့်သွားမယ်ဆိုတာကတော့ ကြည့်ရှုခံစားကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။

t.me/cartoonmoviesmms/3872
September 3, 2026 83 1