The Sports Arena: post #8775 — TG.ME

ပရီးမီးယားလိဂ်အသင်းလတ်/အသင်းငယ်တစ်သင်းစီကို အငှါးပြောင်းနိုင်ရင်တော့ အကောင်းဆုံးဆိုပေမယ့် အဲ့ဒီမှာပါ အရန်ခုံထပ်ထိုင်နေရတာမျိုး မဖြစ်ဖို့လည်း ဂရုစိုက်ရပါမယ်။ ကျနော့်သဘောဆိုရင်တော့ လာမယ့်ရာသီ တန်းတက်ခွင့်မျှော်လင့်နိုင်တဲ့ ချန်ပီယံရှစ်အသင်းကောင်းတစ်သင်းသင်းက အက်ချင်ပေါင်နဲ့ အသင့်တော်ဆုံးပါပဲ။ ဥပမာ- ဝက်စ်ဟမ်း၊ ဘန်လေ၊ ဝုဗ်၊ ဆောက်သမ်တန်နဲ့ ဝရက်ဇ်ဟမ်းတို့လို အသင်းမျိုးတွေ ဖြစ်ပါတယ်...

အက်ချင်ပေါင်က တကယ်အလားအလာရှိတဲ့ လူငယ်လေးတစ်ယောက်ပါ။ ဒီလိုကစားသမားတစ်ယောက်ကို ချယ်လ်ဆီးက တန်ဖိုးထားတာလည်း သဘာဝကျပါတယ်။ ဒါပေမယ့် အသက်၂၁နှစ်အရွယ်လောက်ထိ ပုံမှန်ပွဲကစားခွင့်မရသေးဘူး၊ ပွဲအတွေ့အကြုံများများစားစား မရှိသေးဘူးဆိုရင်တော့ ဒါဟာ အက်ချင်ပေါင်အတွက်ရော၊ ချယ်လ်ဆီးအတွက်ရော သိပ်ပြီးကောင်းကျိုးမရှိနိုင်ပါဘူး...

လာမယ့် ၂၀၂၆-၂၇ဘောလုံးရာသီအတွက်တော့ သင့်တော်တဲ့အသင်းတစ်သင်းဆီ အငှါးထွက်ကစားတာက သူ့အတွက် အကောင်းဆုံးဖြစ်မယ်လို့ပဲ ကျနော်သဘောရပါတယ်။ ညီကိုတို့ရဲ့ အမြင်လေးတွေလည်း ပြောခဲ့ကြပါဦး...

#TheSportsArena #Opinion
#Chelsea #EPL
❤5👍1
July 29, 2026 465