သူဒဏ်ရာပြန်ကောင်းလာချိန်မှာတော့ အာဆင်နယ်ဟာ သူ့နည်းသူ့ဟန်နဲ့ အရှိန်ရပြီးဖြစ်နေတယ်။ စမစ်ရိုးကို ပြန်တွဲခေါ်ပြီး နေရာပေးဖို့အထိ အဆင်မပြေတော့ဘူး။ ဒါပေမယ့် အာတီတာဟာ စမစ်ရိုးကို လွယ်လွယ်နဲ့ လက်မလျှော့ခဲ့ပါဘူး။ အခြေအနေပေးတာနဲ့ ပြန်လည်ပွဲထုတ်ဖို့ သူအမြဲကြံစည်နေခဲ့ပုံရတယ်။ စမစ်ရိုးလည်း အကောင်းဆုံးတော့ ကြိုးစားခဲ့တာပါပဲ...
ဒါပေမယ့် အခန့်မသင့်ချင်တော့ ၂၀၂၃-၂၄မှာ၊ အာတီတာက သူ့ကိုဖြည်းဖြည်းချင်း ပြန်လည်ပွဲထုတ်လာတော့မယ်လို့ ယူဆရတဲ့အချိန်မျိုးမှာ သူဒဏ်ရာထပ်ရသွားတယ်။ အဲ့ဒီကနေစလို့ စမစ်ရိုးရဲ့ အာဆင်နယ်ကစားသမားဘဝဟာ ပြီးသလောက်ဖြစ်သွားခဲ့တာပါပဲ...
ရာသီကုန်ချိန်မှာတော့ ဖူလ်ဟမ်ကို သူပြောင်းခဲ့ရတယ်။ အဲ့ဒီမှာလည်း သူသိပ်တော့မညံ့ခဲ့ပါဘူး။ ပွဲထွက်ကစားသမားအနေနဲ့ဖြစ်ဖြစ်၊ super-subအနေနဲ့ဖြစ်ဖြစ် သူကြိုးစားကစားနေဆဲ၊ အတိုင်းအတာတစ်ခုထိ ခြေစွမ်းတွေ ပြနေဆဲပါပဲ။ ဒါပေမယ့် သူ့ဆီက ကျနော်တို့မျှော်လင့်ထားခဲ့တာလည်း အဲ့ဒီလောက်တော့ မကခဲ့ဘူးပေါ့လေ...
သူလုံးဝပြီးဆုံးသွားတယ်တော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် အခုဆို သူက ၂၆ဖြစ်လာတယ်။ ကစားသမားအနေနဲ့ဆိုရင် လူငယ်လေးတစ်ယောက် မဟုတ်တော့ဘဲ လူလတ်ပိုင်းထဲရောက်လာတယ်။ ဒီအဆင့်လောက်နဲ့ ရပ်မသွားဖို့ဆိုရင်တော့ သူအများကြီးလုပ်ရဦးမယ်၊ ဒီထက်အများကြီး ပိုကောင်းလာဖို့ လိုပါဦးမယ်။ သူလုပ်နိုင်ပါ့မလား သံသယဝင်စရာရှိလာတာလည်း အမှန်ပါပဲ...
ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အခုဆိုရင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလား ပြန်ရခဲ့ပြီ။ အသင်းကြီးတစ်သင်းအနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ lvတစ်ခုကို ပြန်ရောက်နိုင်ခဲ့ပြီလို့ ယုံယုံကြည်ကြည် ပြောလို့ရပါတယ်...
ဒီလိုအမြင့်ဆုံးပြန်ရောက်လာချိန်မှာ စမစ်ရိုးပါမလာနိုင်ခဲ့တာ၊ ခရီးတစ်ဝက်မှာ ကျန်ခဲ့ရတာကတော့ နည်းနည်းဝမ်းနည်းစရာပါပဲ။ အနာဂတ်မျှော်လင့်ချက်ဆိုလို့ သူနဲ့ဆာကာလောက်ပဲ ရှိခဲ့တဲ့ နှစ်ကာလတွေလည်း အာဆင်နယ်ပရိသတ်တွေ တကယ်ဖြတ်သန်းခဲ့ရဖူးတာပဲမဟုတ်လား...
#TheSportsArena #Story
#Arsenal #EPL
10
4July 28, 2026 485 1