📢 “စာအုပ်မိတ်ဆက်ပွဲနှင့် PFA Training Webinar” 📢
ဒီ Webinar ကို ဆယ်ကျော်သက် လူငယ်စာရေးသူ အက္ခရာ(Haruki) ကနေ လူငယ်တွေရဲ့ ဗဟုသုတ၊ စွမ်းဆောင်ရည် မြင့်မားတိုးတက်လာစေဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီအားပေးနည်း (Psychological First Aid) ကို ရှင်းလင်းလေ့ကျင့်နိုင်စေဖို့ ရည်ရွယ်ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ စာရေးသူအက္ခရာရဲ့ မကြာခင်ကထွက်ရှိထားသော "It's before, but now" စာအုပ်မိတ်ဆက်ပွဲကိုလည်း တစ်ပါတည်း ကျင်းပသွားမှာဖြစ်ပါတယ်။
🎯 Webinar ၏ရည်မှန်းချက်
skill သစ်၊ အတွေ့အကြုံသစ်၊ ဗဟုသုတသစ်များရရှိလာပြီး စိတ်ပိုင်းဆိုင်ရာ ကူညီအားပေးနည်း (Psychological First Aid) ကို စနစ်တကျဆောင်ရွက်နိုင်စေဖို့အတွက်နဲ့ ကိုယ်ကိုယ်တိုင်ရော အများအတွက်ပါ အကျိုးပြုမည့်သူတစ်ယောက် ဖြစ်လာနိုင်စေဖို့အတွက် ရည်မှန်းထားပါတယ်။
ဒါတင်မကသေးဘဲ စာပေနဲ့ ပတ်သက်ပြီး သိလိုသည်များကို မေးမြန်းနိုင်ရန် ရည်မှန်းထားပါသေးတယ်။
👥 တက်ရောက်သင့်သူများ
ခေတ်လိုအပ်ချက်အရ လူတိုင်းတက်ရောက်သင့်ပါတယ်။
အထူးသဖြင့် စာပေနဲ့ ပတ်သက်ပြီး သိရှိလိုသူတွေ၊ မိမိပတ်ဝန်းကျင်က လူတစ်ဖက်သားကို ကူညီအားပေးချင်သူတွေ၊ စိတ်ခွန်အားပေးချင်ပေမဲ့ မပေးတတ်သူတွေ၊ ကိုယ့်အတွက်ရော အများအတွက်ပါ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို နည်းလမ်းတကျဖြင့် ကိုင်တွယ်ချင်သူတို့တွေ တက်ရောက်သင့်ပါတယ်။
📑 ဆွေးနွေးမည့် အကြောင်းအရာများ
1. What is PFA & not PFA
2. Principles of PFA
3. Dos & Don’ts
4. Sample Video & Quiz
5. Self‑Care Tips
6. Q & A Session
🗓 နေ့ရက် - 27.7.2025 (တနင်္ဂနွေ)
⏰ အချိန် - 7:00 – 9:00 PM (MMT)
📍 နေရာ - Zoom Platform ( အောက်ပါ Gp မှ လင့်ပေးပို့ပါမည်)
Group Link
https://t.me/+L_XbFbX2XqNmM2E1
✅ Webinar တက်ရောက်ပြီးရင်တော့
ဗဟုသုတသစ်၊ အသိအသစ်တစ်ခုခု ရရှိသွားမယ်။ ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ ကူညီဆောင်ရွက်နိုင်စွမ်း တိုးတက်လာမယ်။
စိတ်ဝေဒနာခံစားနေရသူတွေကို ကူညီအားပေးနိုင်မယ်။ လူ့အသိုင်းအဝိုင်းကိုလည်း ကူညီထောက်ပံ့နိုင်သူဖြစ်လာနိုင်မှပါ။ ( Commitment လေးတစ်ခုတော့ရှိပါမယ်။ )
ဆိုတော့ အချိန်ဆွဲမနေတော့ဘဲ “စိတ်ပိုင်းဆိုင်ရာ ကူညီအားပေးခြင်း” နှင့် “စာအုပ်မိတ်ဆက်ပွဲ” ကို တစ်ပြိုင်နက်တည်းခံစားပြီး ကိုယ့်ရဲ့အနာဂတ်ကို တိုးတက်အောင် ရွက်ဆောင်လိုက်ရအောင်။ 📝✨
#golden_papyrus
#black_white
Telegram
ပေလွှာရွှေချပ်
Freeday
https://t.me/+L_XbFbX2XqNmM2E1

8July 20, 2025 1.2K 2