Carmen
Carmen ဆိုတဲ့ သီချင်းကတော့ Lana del Rey ရဲ့ ဒုတိယမြောက် audio album ဖြစ်တဲ့ Born to Die မှာ ပါဝင်တဲ့ သီချင်းလေး ဖြစ်ပါတယ်။ Lana del Rey ရေးစပ်ထားတဲ့ သီချင်းလေး ဖြစ်တာကြောင့် စာသားတွေက ကဗျာဆန်ပြီး အထီးကျန် ဝမ်းနည်းစရာကောင်းတဲ့ အငွေ့အသက်တွေနဲ့ပေါ့။ သီချင်းလေးကတော့ အရက်စွဲ မူးယစ်နေတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်၊ အများအမြင်မှာတော့ တတိုင်းရနေပေမယ့် ရှင်လျက်နဲ့ သေနေတဲ့ ဘဝမှာ နေထိုင်နေရတဲ့ ကောင်မလေးတစ်ယောက်၊ လူအများရဲ့ အလိုဆန္ဒနဲ့ ရယူလိုမှု ဆိုတဲ့ လှောင်ချိုင့်လေးထဲမှာ ပိတ်မိနေခဲ့တဲ့ ကောင်မလေးတစ်ယောက်၊ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို သဘောမကျပေမယ့် လမ်းဟောင်းကြီးအတိုင်း ဆက်လျှောက်ဖို့ ရွေးချယ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အထီးကျန်ဆန်တဲ့ ဇာတ်လမ်းလေးကို ကဗျာဆန်စွာ ပြောပြထားပါတယ်။
ဒီလို ကဗျာဆန်ဆန် စာသားတွေရဲ့ နောက်ကွယ်မှာ ဘာတွေများ ရှိနေလိမ့်မလဲ။
၁၇နှစ်အရွယ် ကောင်မလေး Carmen ရဲ့ သမရိုးကျ ဇာတ်လမ်းတစ်ခုပဲတော့ မဖြစ်နိုင်ပါဘူး။
Carmen.... Carmen....
သိပ်ချစ်ဖို့ကောင်းတဲ့ Carmen.... မနာလို အားကျရတဲ့ Carmen.... မျက်တောင်လေးခတ်လိုက်တာနဲ့ လူတကာရင်မှာ တလှိုက်လှိုက် ဖြစ်သွားစေတဲ့ Carmen....
Carmen.... Carmen....
သူ့ရဲ့ ယစ်မူးစရာကောင်းတဲ့ ဖြူစင်ငယ်ရွယ်မှု ကျော့ကွင်းမှာ တစ်ကြိမ် ငြိတွယ်မိတာနဲ့ ဘယ်သူမှ အလွယ်တကူ ရုန်းမထွက်နိုင်တော့ပါဘူး။
Carmen.... Carmen....
သူ့ကို လူတိုင်းက အလိုရှိကြတာတောင်မှ လူတိုင်းအတွက် ခြိမ်းခြောက်မှုကြီး တစ်ရပ်လို အမြင်ခံရတဲ့ Carman....
သူ့လို ဖြူစင်သူလေးကို အန္တရာယ်ရှိတဲ့ သူယောင်မယ်လို့ သတ်မှတ်လိုက်တာ တရားရဲ့လား။
Carmen.... Carmen....
ဖြူစင်တဲ့ ကလေးလေးတစ်ယောက်ကတော့ ရှင်လျက်နဲ့ သေနေရတဲ့ ဘဝမှာ နေထိုင်ဖို့ ရွေးချယ်လိုက်လေရဲ့။ သူယောင်မယ်လို့ သတ်မှတ်ခံထားရတဲ့ သူလေးကတော့ ကြေကွဲလွယ်တဲ့ ကြင်နာယုယမှုနောက်ကို လိုက်ရင်း အရယူလိုမှုနဲ့ တပ်မက်မှုဆိုတဲ့ ခမ်းနားထည်ဝါလှတဲ့ လှောင်ချိုင့်ကြီးထဲမှာ ပိတ်မိခဲ့ရပြီပေါ့။
ဒါတွေဟာ ဖြူစင်မှုကို တစ်ပါးသူရဲ့ လိုချင်တပ်မက်မှုနဲ့ လဲလှယ်ခဲ့သူတွေ၊ ရှင်လျက်နဲ့ သေနေတဲ့ ဘဝမှာ နေထိုင်ဖို့ပဲ ရွေးချယ်ခဲ့ရသူတွေ၊ အရောင်စွန်းလွယ်တာနဲ့ပဲ အပြစ်တင်ခံရတဲ့ ဖြူစင်သူတို့ ဘဝကို ထင်ဟပ်လို့နေပါတယ်။
ဒီလို နက်နဲတဲ့ အဓိပ္ပာယ်တွေ ရှိနေပေမယ့် Carmen ရဲ့ ဘဝနေထိုင်ပုံနဲ့ သူ့လိုဖြစ်ရခြင်းကို romanticize လုပ်ကြသူတွေလည်း ရှိနေပါသေးတယ်။ သူ့ရဲ့ စိတ်လွတ်လပ်လွတ် နေထိုင်ပုံကြောင့် လူတွေအရူးလုပ်ခံရတာကြောင့် နေမှာပေါ့။ သူပိတ်မိနေတဲ့ လှောင်ချိုင့်က အရမ်းကို ထည်ဝါလွန်းတာကြောင့် သူ့ရဲ့ ဝမ်းနည်းမှာတွေကို မမြင်ရနိုင်တော့တာကြောင့်လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ လူတွေမေ့နေကြတာကတော့ သားကောင်ဖြစ်ဖြစ် သားရဲဖြစ်ဖြစ် ဘယ်အရာမဆို တန်ကြေးတစ်ခုတော့ ပေးဆောင်ရမယ် ဆိုတာပါပဲ။
တင့်တယ်ထည်ဝါပေမယ့် သနားစရာ ဇာတ်လမ်းလေးကို ပြောပြထားတဲ့ ဒီသီချင်းလေး "Carmen" ကတော့ စွဲလမ်းမှုကြောင့် ဖြစ်လေ့ရှိတာကို ဖော်ကျူးထားတဲ့ Vladimir Nabokov ရဲ့ lolita ဆိုတဲ့ စာအုပ်ကို inspiration ယူထားပဲဖြစ်ပါတယ်။ ဒီစာအုပ်လေးက Lana ရဲ့ အကြိုက်ဆုံး စာအုပ်လေးပါတဲ့။
[Eng version]
Carmen is the song featured on Lana del Rey's second audio album "Born to Die." As it's written by Lana del Rey, the lines are poetic with unsubtle melancholy. The lyrics tell the story of a lonely alcoholic teenager who appeared to have anything she wanted, but had hollows inside. Who was trapped in a glamorous cage of being wanted and desired. Who was tired of living the way she lived but still chose the same path.
But what's behind these poetic lyrics?
It wasn't just about a 17 years old girl called Carmen.
Carmen.... Carmen....
Lovely Carmen.... enviable Carmen.... the Carmen who gave everyone butterflies by just bating her cartoon eyes with long lashes.
Carmen.... Carmen....
It was hard for anyone to escape once they caught up in her web of hypnotic innocence and youth.
Carmen.... Carmen....
Everyone desired her yet she was seen as a threat. Was it alright to label an innocent youth as a siren.
Carmen.... Carmen....
Innocent little baby chose to live the life with a hollow inside. So-called siren was caught up in a glittered cage of being wanted and desired as she chased the fragile affection and attention from others.
This reflect the ones who traded the innocence with attention and affection. The ones who chose to live the life with hollows inside. The ones who were perceived as dangerous ones for youth and innocence.
5June 1, 2025 970 5