ꕥ New Year! New Me! Many Mission! ပေလွှာရွှေချပ်ရဲ့… — ပေလွှာ​ရွှေချပ် — TG.ME

ꕥ New Year!  New Me! Many Mission!

ပေလွှာရွှေချပ်ရဲ့ စာပေဟောပြောပွဲလေးဟာ စာပေချစ်သူတို့ထံ တစ်ဖန်ပြန်လည်ရောက်ရှိလာပါပြီခင်ဗျာ။


𓍄 နှစ်တစ်နှစ်သာကုန်တော့မှာ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်ဖြစ်ဘူး၊အသက်တစ်နှစ်သာကြီးလာတယ် ဘဝအတွက် ဘာမျှမဖြစ်ရသေးပါလားဆိုတဲ့စိတ်တွေဟာ နှစ်တစ်နှစ်ကုန်ခါနီးချိန်တိုင်းမှာအဖြစ်များတတ်ကြပါတယ်။ဒါပေမယ့် နှစ်တစ်နှစ်မှာအဆိုးချည်းပဲ ကြုံရတာမဟုတ်ဘူးမလား။အကောင်းရော အဆိုးပါ ကြုံခဲ့ရတဲ့အထဲမှာ နှစ်ဟောင်းက အမှတ်တရကောင်းတွေကို အင်အားအနေနဲ့နှစ်သစ်ကို ခေါ်ဆောင်လာဖို့ လိုအပ်ပါတယ်။

ဒီဇင်ဘာလဟာ နှစ်တစ်နှစ်ကို အောင်မြင်စွာဖြတ်သန်းကျော်ဖြတ်လာနိုင်ခဲ့တဲ့ ကျွန်တော်တို့အတွက် ကိုယ့်ကိုယ်ကိုယ်နဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုပါ ဂုဏ်ပြုရမည့် အချိန်အခါပဲဖြစ်ပါတယ်။ဒီလိုအချိန်အခါမှာ ကျွန်တော်တို့အောင်မြင်မှုအတွက် အပြန်အလှန်ဂုဏ်ပြုရင်း နှစ်သစ်ကို ဖြတ်သန်းကျော်ဖြတ်နိုင်ရေး ပြင်ဆင်ဖြည့်စွက်စရာများ ဆွေးနွေးတိုင်ပင်နိုင်ရန် New Year! New Me! Many Mission ဟောပြောပွဲကို တက်ရောက်ဆွေးနွေးပေးကြပါရန် ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။

✦ ဟောပြောဆွေးနွေးပေးမည့်သူများ
⭑ Ko Thein (ဇွဲ)
⭑ မြ(စံကားဝါမြေ)

■နှစ်သစ်အတွက် အင်အားယူဖို့အတွက်၊နှစ်ဟောင်းက ဆုံးရှုံးခဲ့တာတွေ ပြန်ယူနိုင်ဖို့အတွက်၊နှစ်သစ်မှာအဆင်ပြေပြေနဲ့ကြုံလာသမျှအခက်အခဲတွေရင်ဆိုင်နိုင်ဖို့အတွက် ဆက်ဆက်ပါဝင်တက်ရောက်ပေးဖို့ နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။


➽ အခမ်းအနား ကျင်းပမည့်‌ရက်

25.12.2024(Wednesday)

➽ အခမ်းအနား ကျင်းပမည့်အချိန်

7:00 pm

➽ အခမ်းအနား ကျင်းပမည့်နေရာ

Zoom Meeting

#golden_papyrus
❤10
December 24, 2024 2.8K 7