စက်မှုလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ တိုးတက်လာပြီး ဖျက်သိမ်းခံရတော့မယ့် သမိုင်းဝင်ရိုးရာ အိုဘီနာတာ မီးရှူးမီးပန်းအလုပ်ရုံဟောင်းကြီးတစ်ခု တည်ရှိရာ ကျေးလက်ဒေသကို အခြေခံထားပါတယ်။ အဲဒီမှာ ခေါင်းဆောင်ဖြစ်သူ အဘိုးကြီးရယ်၊ သားနှစ်ယောက်ရယ်၊ မွေးစားသမီးလို ဖြစ်နေတဲ့ ကောင်မလေးရယ် နေကြတာပေါ့။ ဒီအလုပ်ရုံဟောင်းကြီးကို မြို့တော်စည်ပင်က မျက်စိနောက်ပြီး ဖျက်ချင်နေတာ ကြာပြီရယ်။ အဲဒီလိုနဲ့ နှစ်နည်းနည်းကြာလာတော့ ကောင်မလေး ကာအိုရု ကလည်း ကြီးလာတော့ တိုကျိုမှာ အလုပ်လုပ်နေပြီ။ တစ်ရက်ကျတော့ ညီအစ်ကိုနှစ်ယောက်ထဲက အကြီးကောင် ဆန်တာရု က သူ့ကိုလာခေါ်တယ်။ သူတို့နေခဲ့တဲ့ အဲဒီအလုပ်ရုံနေရာကြီးက နောက်ရက်ဆို ဖယ်ပေးရတော့မယ်၊ အစိုးရက အလုံးအရင်းနဲ့ လာဖျက်မယ်ပေါ့။ အဲဒါကို ညီအငယ်ကောင် ကိုင်တာရို က ပေကပ်ပြီး အတင်းဖက်တွယ်နေလို့ လာပြီး နားချပေးပါဦး ဘာညာနဲ့ နယ်ကို ပြန်ခေါ်သွားပါလေရော။ ဒီမှာတင် ကာအိုရု တစ်ယောက်က ကိုင်တာရို ကို နားချရမှာကို မချနိုင်ဘဲ ကိုင်တာရို က သူ့အဖေထားခဲ့တဲ့ လျှို့ဝှက်နည်းပညာနဲ့ ဆူခါရီ ဆိုတဲ့ မီးရှူးမီးပန်းကြီး ရှိတယ်၊ အဲဒါကို အောင်မြင်အောင်လုပ်ကြမယ်ဆိုတဲ့နောက်ကို ပါသွားပြီး အစိုးရက လာပြီး မဖြိုခင် ဘယ်လိုမျိုး ဆူခါရီ ကို ရအောင် လွှတ်တင်ကြမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
ချန်နယ်လင့်
ဇာတ်ကားလင့်
