မိနစ် ၄၅ သာရှိတဲ့ ဇာတ်လမ်းတိုလေး မို့လို့ လိုရင်းတိုရှင်းနဲ့ သွက်သွက်လက်လက် စိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ့် ဖိလစ်ပိုင် ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဘဝကို အေးဆေးဖြတ်သန်းနေတဲ့ ရုံးဝန်ထမ်းမလေးတစ်ယောက်အကြောင်းကနေ စတင်ထားတာပါ။ တစ်နေ့မှာတော့ သူမဟာ မတော်တဆဆိုသလို ကြောက်စရာကောင်းတဲ့ လူသတ်မှုကြီးတစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရပါတော့တယ်။ လူသတ်သမားတွေက သူမကို နှုတ်ပိတ်ဖို့ လိုက်လံရှာဖွေလာတဲ့အခါမှာတော့ သူမအနေနဲ့ အန္တရာယ်ကနေ လွတ်မြောက်ဖို့အတွက် သူမအမြဲတမ်း ငှားလေ့ရှိပြီး သဘောကျရတဲ့ ဒယ်လီဗာရီကောင်လေးကို အကူအညီတောင်းလိုက်ရပါတော့တယ်။ လမ်းပေါ်မှာ ကျွမ်းကျင်ပြီး သတ္တိရှိတဲ့ ထိုရိုက်ဒါလမ်းသရဲလေးနဲ့ ရုံးဝန်ထမ်းမလေးတို့ဟာ လူသတ်သမားတွေရဲ့ အန္တရာယ်ကနေ ဆိုင်ကယ်တစ်စီးနဲ့ ဘယ်လိုမျိုး အသက်လွတ်အောင် ရုန်းကန်ထွက်ပြေးကြမလဲဆိုတာကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ချန်နယ်လင့်
ဇာတ်ကားလင့်
