Hana : The Sweet Orophile: post #39504 — TG.ME

မိုင်ပေါင်း ၅၀၀ (၂၀၂၆)

ဖင်န် နဲ့ ချာလီ ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ အင်္ဂလန်နိုင်ငံ ရှက်ဖီးမြို့လေးမှာ မိဘနှစ်ပါးနဲ့အတူ နေထိုင်ကြပြီး တစ်နေ့မှာတော့ အိမ်ကနေ ထွက်ပြေးပြီး အဖိုးဖြစ်သူရှိတဲ့ မိုင်ပေါင်း ၅၀၀ ဝေးတဲ့ နိုင်ငံတစ်ဖက်ခြမ်းက ကမ်းရိုးတန်းမြို့လေးကို ခိုးသွားဖို့ ဦးတည်ခဲ့ပါတော့တယ်။ အကြောင်းကတော့ အဖေဖြစ်သူက အတိတ်က သူတို့မိသားစုဆီမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကြောင့် ညဘက်အိပ်မပျော်နိုင်တဲ့အတွက် ညဆိုင်းအလုပ်တွေပဲ ဆက်တိုက်လုပ်ပြီး အိမ်ပြန်မအိပ်တာ ကြာပြီဖြစ်ပြီး အမေဖြစ်သူကလည်း သူ့ယောက်ျားက မိသားစုနဲ့ အချိန်လုံးဝမပေးတဲ့အတွက် အော်ဟစ်ရန်ဖြစ်ပြီး ကွာရှင်းဖို့ ဆုံးဖြတ်ကာ သားတစ်ယောက်စီ ခွဲယူပြီး စောင့်ရှောက်ကြဖို့ ဖြစ်လာလို့ပါ။ ဒီတော့ အမေ့ဖုန်းထဲကနေ ကားလက်မှတ်ခိုးဖြတ်ပြီး စုဘူးထဲက ပိုက်ဆံလေးနည်းနည်းနဲ့ ထွက်လာတဲ့ ညီအစ်ကိုနှစ်ယောက်သား အဖိုးဖြစ်သူဆီရောက်ဖို့ ဒီမိုင်ပေါင်း ၅၀၀ ကို ဘယ်လိုခရီးနှင်မလဲ၊ ဘယ်လိုအခက်အခဲတွေ ကျော်ဖြတ်ရမလဲ၊ အဖိုးဆီကိုရော ဖြောင့်ဖြောင့်ရောက်ပါ့မလားဆိုတာကို ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️  t.me/+l6iAujfRr3YwOTQ9

ဇာတ်ကားလင့်
➡️ t.me/c/3723652775/512
မိုင်ပေါင်း ၅၀၀ (၂၀၂၆) ဖင်န် နဲ့ ချာလီ ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ… — Hana : The Sweet Orophile — TG.ME