ဒေါသမီးလျှံညီနောင်များ (၂၀၂၆) ဖီဒပ် နဲ့ ဟာကင် တို့ရဲ့အဖေဟာ တစ်ချိန်က… — Hana : The Sweet Orophile — TG.ME

ဒေါသမီးလျှံညီနောင်များ (၂၀၂၆)

ဖီဒပ် နဲ့ ဟာကင် တို့ရဲ့အဖေဟာ တစ်ချိန်က မလေးရှားရဲ့ နိုင်ငံဂုဏ်ဆောင် လက်ဝှေ့ကစားသမားဖြစ်ခဲ့ပါတယ်။ “ဖျူးရီးယပ်” ဆိုတဲ့ အမည်ဂုဏ်ပုဒ်ကို ကိုင်ဆောင်ထားပြီး နာမည်ကြီးလက်ဝှေ့သမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း သူတို့အဖေ သေဆုံးချိန်မှာတော့ မိသားစုလည်း တိုင်ပတ်ပြီး ညီဖြစ်သူ ဟာကင် လည်း မိသားစုနဲ့ကွဲသွားကာ စာမလာသတင်းမကြား ဖြစ်သွားပြီး ဖီဒပ် က မိသားစုတာဝန်ကို ကြိုးဝိုင်းထဲထိုးသတ်ရင်း ထမ်းဆောင်ခဲ့ပါတယ်။ ဖီဒပ် ဟာလည်း “ဖျူးရီးယပ်” ဆိုတဲ့ နာမည်နဲ့ နိုင်ငံကျော်ဖြစ်ခဲ့ပြီး မိန်းမဆုံးချိန်မှာတော့ အနားယူခဲ့ပါတယ်။ ဒါပေမဲ့ “ဖျူးရီးယပ်” ဂုဏ်ပုဒ်ကိုတော့ ထိန်းသိမ်းထားဆဲပါ။ ဒါကို ဒန်နီရယ် ဆိုတဲ့ လက်ဝှေ့သမားပေါက်စ ယူကျူဘာက ဖီဒပ် တို့အဖေ အုတ်ဂူကို မခန့်လေးစားလုပ်ပြီး “ဖျူးရီးယပ်” ဂုဏ်ပုဒ်ကို ရဖို့ အနားယူထားတဲ့ ဖီဒပ် ကို စိန်ခေါ်ပေမဲ့ ဖီဒပ် ကတော့ ဘာမှမတုံ့ပြန်ပါဘူး။ ဒါကို မကျေမနပ်ဖြစ်ပြီး ပျောက်ဆုံးနေတဲ့ညီဖြစ်သူ ဟာကင် က အဖေဖြစ်သူရဲ့ဂုဏ်ကို ဆယ်ဖို့ ပြန်လည်ပေါ်လာချိန်မှာတော့ မိသားစုအခက်အခဲ၊ ပြဿနာတွေနဲ့ လောကဓံဖိနှိပ်မှုတွေကြား နာမည်ဖျက်ခံရတာတွေကြားက “ဖျူးရီးယပ်” မိသားစုဟာ ဒီလိုအခက်အခဲတွေကြားထဲကနေ ဘယ်လိုရှင်သန်ပြီး ဒန်နီရယ် ကို ဘယ်လိုတုံ့ပြန်သွားမလဲ၊ ငယ်ငယ်က ဘာလို့ ဟာကင် က မိသားစုနဲ့ ကွဲသွားရတာလဲ၊ ဟာကင် သူ့အမေကို မုန်းနေရတဲ့ အကြောင်းအရင်းက ဘာလဲဆိုတာကတော့ ရင်ခုန်စွာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️  t.me/+l6iAujfRr3YwOTQ9

ဇာတ်ကားလင့်
➡️ t.me/c/3723652775/529
❤2
September 30, 2026 350