ကလေးဗိုလ်ကြီးတို့အတွက် ကမ္ဘာကြီးကို ကယ်တင်ပေးခဲ့တဲ့ ပါဝါရိန်းဂျားကြီး ပြန်လာပါပြီ။ ငယ်ငယ်တုန်းက ကြိုက်ခဲ့ရတဲ့ မင်းသားကြီး ဂျေဆင်ဒေးဗစ်ဖရန့်ခ် ရဲ့ နောက်ဆုံးအနုပညာလက်ရာ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသားကြီး မကွယ်လွန်မီ ပရိသတ်တွေအတွက် အနုပညာခွန်အားတွေအကုန် ပုံအောပြီး ရိုက်ကူးပေးခဲ့တာဖြစ်လို့ ပါဝါရိန်းဂျားဖန်တွေအနေနဲ့တော့ ကြည့်သင့်တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ သာမန် ပါဝါရိန်းဂျားကားတွေနဲ့ မတူဘဲ ကြမ်းတမ်းတဲ့ အက်ရှင်ရိုက်ချက်တွေ၊ မိသားစုအချစ်နဲ့ ရာဇဝတ်သားအဖြစ် စွပ်စွဲခံလိုက်ရလို့ ပြန်လည်ရုန်းကန်လာမယ့် ဟီးရိုးတစ်ယောက်ရဲ့ အကြောင်းကို ရင်သပ်ရှုမောဖွယ် မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
မြို့ကြီးတစ်မြို့လုံး ပြာကျမတတ် ပျက်စီးသွားခဲ့ရတဲ့ တိုက်ပွဲဆိုးကြီးအပြီး ၃ နှစ်အကြာမှာတော့ နဂါးဖြူအဖြစ်နဲ့ လူသိများခဲ့တဲ့ အဲရစ်ရိ ဟာ သူမကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အစွပ်စွဲခံရပြီး ရာဇဝတ်သားတစ်ယောက်လို ပုန်းအောင်းနေခဲ့ရပါတယ်။ မိသားစုနဲ့လည်း ခွဲခွာနေခဲ့ရပြီး အမှန်တရားကို ဖော်ထုတ်ဖို့အတွက် ကြိုးစားနေချိန်မှာပဲ သူပိုင်ဆိုင်ထားတဲ့ ခရစ္စတယ်ရဲ့ အစိတ်အပိုင်းတချို့ကို ပိုင်ဆိုင်သွားတဲ့သူဟာ နဂါးပရိုင်းမ် ဖြစ်သွားခဲ့ရပါတယ်။ နဂါးပရိုင်းမ်က အဲရစ်ရိ ကို လက်စားချေဖို့အတွက် မြို့ကြီးကို ဖျက်ဆီးဖို့ ကြံစည်လာတဲ့အခါ၊ မိသားစုကို ကာကွယ်ပြီး သူ့နာမည်ဆိုးကို ရှင်းလင်းဖို့အတွက် အဲရစ်ရိ တစ်ယောက် နဂါးဖြူစွမ်းအင်တွေကို ပြန်လည်ရယူပြီး ဘယ်လိုတိုက်ပွဲဝင်သွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုပေးကြပါဦး ဘော်ဒါအပေါင်းတို့ရေ။
ချန်နယ်လင့်
ဇာတ်ကားလင့်

