ဒီတစ်ခေါက်မှာတော့ သွေးသံရဲရဲနဲ့ အကြမ်းစားကားတွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးတို့အတွက် အက်ရှင်ရုပ်ရှင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ဘော့စ်သေဆုံးသွားပြီးနောက် အစိတ်စိတ်အပိုင်းပိုင်း ပြိုကွဲသွားတဲ့ ဂိုဏ်းကို ပြန်လည်စုစည်းတည်ထောင်ဖို့ ကြိုးစားနေတဲ့ ချွဲဂီဆွန်း။ တစ်ဖက်မှာလည်း ဘော့စ်အသစ်နေရာကို မျက်စိကျနေတဲ့ ဖားပြုပ်ဆိုသူက ဆူးငြောင့်ခလုတ်တစ်ခုလို ဖြစ်နေတဲ့ ဂီဆွန်းကို ရှင်းထုတ်ပစ်လိုက်ပါတော့တယ်။ ချစ်ရသူကိုလည်း ဆုံးရှုံးထားရပြီးသားဖြစ်သလို အခုတစ်ခါမှာလည်း မိဘမဲ့ဂေဟာတစ်ခုတည်းက ထွက်လာတဲ့ သွေးသောက်ညီအစ်ကိုလို အစ်ကိုကြီး ဂီဆွန်းကို ဆုံးရှုံးလိုက်ရပြန်တဲ့ ဂင်ထယ်ရှစ် (ခေါ်) မြွေနက်ဟာ အမျက်ဒေါသတွေ အထွတ်အထိပ်ရောက်ပြီး ကလဲ့စားချေဖို့ ဆုံးဖြတ်လိုက်ရာမှာတော့… သစ္စာတရားနဲ့ လိုအင်ရမ္မက်တို့ ထိပ်တိုက်ရင်ဆိုင်မိချိန်မှာ ဘယ်ဘက်က မီးလောင်ပြာကျသွားမလဲ။ သွေးကြွေးကို သွေးနဲ့ပြန်ဆပ်မယ့် မြွေနက်ရဲ့ ကလဲ့စားခရီးလမ်းကို အတူတူ ကြည့်ရှုလိုက်ရအောင်ပါ။
ချန်နယ်လင့်
ဇာတ်ကားလင့်

